အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုးကန့်ဒေသပြန် အလုပ်သမားများကို တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့သို့ အဝင်မခံ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကိုးကန့်ဒေသကနေ စွန့်ခွာထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အာဏာသိမ်းစစ်တပ်က လားရှိုးမြို့ထဲ ဖြတ်သန်းခွင့်မပြုတာကြောင့် မြို့ဝင်ပေါက် နေရာသုံးခုမှာ လူထောင်နဲ့ချီ ပိတ်မိနေပါတယ်။ လားရှိုးမြို့အဝင် ဟိုပိတ်တိုးဂိတ်ကို ဖြတ်ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်ကြမည့် အလုပ်သမားများကို ဒီကနေ့ မွန်းလွဲပိုင်းအထိ စစ်တပ်က ဖြတ်သန်းခွင့်မပေးသေးပါ။ ထောက်ခံစာပြပြီး လာကြိုသူရှိမှသာ မြို့တွင်းကို ဖြတ်သန်းခွင့်ပြုတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ရှောင်လမ်းတိုးဂိတ်မှာတော့ အလုပ်သမားတစ်ဦးချင်းစီ ပါလာတဲ့ပစ္စည်းမှန်သမျှကို စစ်တပ်က အသေးစိတ်စစ်ဆေးနေတာကို ဒီကနေ့မွန်းလွဲပိုင်းမှာ တွေ့ခဲ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မေးမြန်း – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button