အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မူဆယ် ၁၀၅ မိုင်ဇုန် ကုန်သွယ်ရေးအတွက် ဘယ်လောက်အရေးပါလဲ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးအပါဆုံးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရန်အတွက် တအာင်းတပ်TNLA က နိုဝင်ဘာ ၂၆ က စတင်ပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ တအာင်းတပ် TNLA သည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသော မူဆယ်မြို့ကို လာရောက်တိုက်ခိုက်နေကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၉) က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ကုန်သွယ်သည့်နေရာဖြစ်သော ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်း၊ လက်နက်ကြီးတို့ ပစ်ခတ်ကာ ခုခံနေရသည်။ တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ လက်ရှိ မူဆယ်မြို့အခြေအနေ၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အရေးပါပုံ၊ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ရန် ကြိုးစားရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး မူဆယ်မြို့ ဒေသခံတစ်ဦးကို Myanmar Now က နိုဝင်ဘာ ၂၈ တွင် ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တည်းဖြတ် – အောင်နိုင်၊ လင်းထင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button