အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်တက်ကြွလှုပ်ရှားသူများအား လွှတ်ပေးရန် ဆန္ဒပြသဖြင့် တရားစွဲခံရသူများ ရှေ့နေမငှားဘဲ တရားရင်ဆိုင်မည်

(ရန်ကုန်) – တပ်မတော်အား အသရေဖျက်မှုဖြင့် မြစ်ကြီးနား တရားရုံးက ထောင်ချခဲ့သည့် တက်ကြွလှုပ်ရှားသူ သုံးဦးအား ပြန်လွှတ်ပေးရန် ဆန္ဒပြခဲ့သဖြင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသူများသည် ရှေ့နေ မငှားဘဲ တရားရင်ဆိုင်ရန် ယနေ့ဆုံးဖြတ်လိုက်ကြသည်။

ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူတို့သည် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် အရပ်သားများအား ကယ်ထုတ်ရန် ပြီးခဲ့သည့် မေလအတွင်းက တောင်းဆိုခဲ့သည့် လှုပ်ရှားမှုအတွင်း တပ်မတော်ကို အကြည်ညိုပျက်စေသည့် ဟောပြောချက်များ ထုတ်ဖော်ပြောဆိုသည်ဟုဆိုကာ မြစ်ကြီးနား တရားရုံးက ဒီဇင်ဘာ ၇ တွင် ထောင်ဒဏ် ၆ လ နှင့် ဒဏ်ငွေ ၅သိန်း အပြစ်ပေး ခံခဲ့ရသည်။

ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သူ ၄၀ ခန့်က တရားရုံးနှင့် တရားရုံး အနီးတွင် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ပြီး ၄င်းတို့အနက်မှ မဆွတ်ဆိုင်းထွယ်၊ ရှေ့နေဆိုင်းခွမ်အောင်နှင့် ဓမ္မဆရာ ဦးဘရန်မိုင်တို့ကို ရဲက တရားစွဲထားသည်။

ယင်းပုဒ်မသည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ချမှတ်နိုင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများအနေဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့မည်ဆိုလျှင် မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်မည့် အခြေအနေရှိခဲ့သော်လည်း စွပ်စွဲခံရသူများက မိမိတို့ဆန္ဒဖော်ထုတ်မှုသည် တရားမျှတမှုရှိသည့်အတွက် မိမိတို့တွင် အပြစ်မရှိကြောင်း ပြောကြားခဲ့သည့်အတွက် အမှုကိုဆက်လက်ရင်ဆိုင်ကြရမည်ဖြစ်သည်။

“ကျွန်တော်တို့က အပြစ်ရှိလားဆိုတော့ အပြစ်မရှိတဲ့အတွက် ဝန်မခံဘူး။ အဲ့ဒီအတွက် ဒီနေ့ တရားလိုပြ သက်သေ ၄ ဦးကို စစ်ဆေးခဲ့တယ်။ တရားလိုပြသက်သေတွေရဲ့ ထွက်ချက်အရ နှစ်ဦးက အခင်းဖြစ်နေရာမှာ ရှိနေတဲ့သူတွေမဟုတ်ဘူး” ဟု စွပ်စွဲခံထားရသည့် ဓမ္မဆရာ ဦးဘရန်မိုင်က ဆိုသည်။

နောင်တစ်ကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၁၈ တွင် ထပ်မံကြားနာရန် ရုံးတော်က ချိန်းဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button