အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

တပ်မတော်ကို ထောက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးဦးဆောင်ကာ ဆန္ဒထုတ်ဖော် 

ရန်ကုန် အင်းစိန်မြို့နယ်တွင် တပ်မတော်ကို ထောက်ခံကြောင်း ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးနှင့် ဝန်းရံသူ နှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ(ငြိမ်းစုစီ)ဖြင့် ရဲတပ်ဖွဲ့က အရေးယူလိုက်သည်။

အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီ ဒုတိယစည်းရုံးရေးမှူး ဦးသိန်းဦးက ဦးဆောင်၍ လူ ၁၅ ဦးခန့်သည် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများနှင့် ပတ်သက်၍ တပ်မတော်၏ သတင်းထုတ်ပြန်မှုကို ကြိုဆိုသည်ဟုဆိုကာ ယနေ့ (ဇန်နဝါရီ ၁၉) နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ စက်မှုလက်မှုသိပ္ပံကျောင်း (GTI) ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းစုစီဥပဒေအရ ဆန္ဒထုတ်ဖော်ရန် ရဲတပ်ဖွဲ့သို့ ၄၈ နာရီ ကြိုတင်အကြောင်းကြားရမည်ဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းဦး ဦးဆောင်သည့် ဆန္ဒပြသူများသည် ကြိုတင်အကြောင်းမကြားဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု အင်းစိန်မြို့နယ်စခန်းမှူး ဒုတိယရဲမှူးတင်လတ်က ပြောသည်။

“သူတို့တွေက တစ်ယောက်က ပြည်ခိုင်ဖြိုးရပ်ကျေးအဆင့်။ ကျန်တဲ့နှစ်ယောက်က ပါတီလိုလားသူတွေပေါ့။ ပါတီဝင်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စစ်ဆေးနေတုန်းပါပဲ။ ပြည်ခိုင်ဖြိုးက ဦးဆောင်လုပ်တာ။ ပြည်ခိုင်ဖြိုးကားနဲ့ပဲ ပါလာကြတာ” ဟု စစ်ဆေးတွေ့ရှိမှုအပေါ် ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်ခိုင်ဖြိုးပါတီမှ အင်းစိန် ကြို့ကုန်းအနောက်ရပ်ကွက် ဒုတိယစည်းရုံးရေးမှူး ဦးသိန်းဦးနှင့် ဝန်းရံသူနှစ်ဦးဖြစ်သော ဇော်မင်းနိုင်နှင့် ဝေလင်းထက်တို့အား ငြိမ်းစုစည်ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးသိန်းဦး ဦးဆောင်သော အဖွဲ့သည် အင်းစိန် GTI ကျောင်းရှေ့တွင် “တပ်မတော်၏ သတင်းထုတ်မှုကို ကြိုဆိုပါသည်”၊ “ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင်ပေးပါ”၊ “ဒီမိုကရေစီတည်တံ့ရေး ပြည်သူ့ဆန္ဒကို ဦးစားပေးပါ”၊ “ပြည်သူ့တို့၏ ခံစားချက်ကို အလေးထားပါ”၊ “ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေပါသည်” ဆိုသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒပြသူများအနက် ဦးသိန်းဦးတစ်ယောက်သာ ပါတီဝင်ဖြစ်ပြီး တခြားသူများမှာ ဆန္ဒအလျောက် ပါဝင်ကြခြင်းဖြစ်သည်ဟု အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်သူ ဦးဇော်နိုင်ဦးက Myanmar Now ကို ပြောသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့စိတ်ထဲမှာ ရှိတဲ့ဟာတွေကို ဆန္ဒဖော်ထုတ်တယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ ဦးဆောင်တာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ ဆန္ဒဖော်ထုတ်တာပါ။ ကျွန်တော်တို့မြို့နယ်က ဦးဆောင်တာ မဟုတ်ပါဘူး” ဟုလည်း ဦးဇော်နိုင်ဦးက ပြောသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှုနှင့် မသမာမှုများ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားနေသည့်နည်းတူ တပ်မတော်ကလည်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးချက်များကို ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။ 

အင်းစိန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးက ဦးဆောင်ကာ ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်သဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သော်လည်း ကမာရွတ်မြို့နယ်တွင် ရဲတပ်ဖွဲ့ပင် မသိလိုက်သော ဆန္ဒထုတ်ဖော်ပွဲတစ်ခု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ 

“ဘယ်လိုတွေ တိုင်ပင်ကိုက်ပြီးလုပ်သွားလဲ မသိလိုက်ဘူး။ သူတို့လာတဲ့ လမ်းကြောင်းတွေကို ပြန်လိုက်နေပါတယ်။ လိုင်းပေါ်မှာ တွေ့တာကတော့ လုပ်နေတဲ့ပုံတွေပဲ တွေ့လိုက်တယ်။ အဲဒီနေရာကို ကျွန်တော်တို့က နာရီ ၁၅ (၃ နာရီ) လောက် ရောက်သွားတယ်။ သူတို့က ၁ နာရီ ၁၃ မိနစ်လောက်မှာ ပြီးသွားပြီ” ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်အောင်က Myanmar Now ကို ပြောသည်။ 

ကမာရွတ်မြို့နယ်တွင် တိတ်တဆိတ်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် လူဦးရေ ၂၀ ခန့် ပါဝင်ခဲ့ပြီး အင်းစိန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲနည်းတူ တရားမမျှတသော ရွေးကောက်ပွဲရလဒ်အလိုမရှိကြောင်းနှင့် တရားသူကြီးချုပ်က နိုင်ငံတော်ကို ကယ်တင်ပေးရန် ကြွေးကြော်ခဲ့ကြသည်။  

“အမှတ် ၂ ရပ်ကွက် မြကန်သာ (၂) လမ်းက လမ်းကြားထဲမှာ လုပ်သွားတာ။ သတင်းရလို့သွားတဲ့ အချိန်မှာ မရှိတော့ဘူး။ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်တဲ့ကိစ္စအပေါ်မှာ အရေးယူဖို့ စုံစမ်းနေပါတယ်။ ဘယ်သူတွေလုပ်တာလဲဆိုတာ အခုတော့ မသိသေးဘူး။ စုံစမ်းနေတုန်းပါ” ဟု ရဲမှူးမျိုးမြင့်အောင်က ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button