အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“အချင်းချင်း ရန်ဖြစ်နေရင် ကိုဗစ်က အကုန်နိုင်သွားမှာ”

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း(Covid-19) ကပ်ရောဂါ ကူးစက်ဖြစ်ပွားသူအားလုံး၏ ၆၀ရာခိုင်နှုန်းကျော်သည် ရောဂါလက္ခဏာမပြသည့်အတွက် မိမိကိုယ်ကို ကူးစက်ခံရမှန်းမသိဘဲ လူထူထပ်သည့်နေရာများသို့ သွားလာနေကြမည်ကို စိုးရိမ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားလိုက်သည်။ ပြည်တွင်းကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာသည့် ယခုအခြေအနေကို ကိုဗစ်နိုင်တင်း ‘ဒုတိယလှိုင်း’ ဟု တရားဝင်မသတ်မှတ်သေးသော်လည်း အတည်ပြုလူနာဦးရေ အဆမတန်များလာကို ဝန်ကြီးဌာန၏ စိုးရိမ်ပူပန်မှုများ၊ ရခိုင်ပြည်နယ်အတွင်းတွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ ကိုဗစ်နိုင်တင်း လှိုင်းဒဏ်ကို မြန်မာနိုင်ငံက ဆက်လက်တောင့်ခံနိုင်စွမ်း စသည့် အခြေအနေများကို ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးထံ Myanmar Now က ဩဂုတ် ၂၄ရက်တွင် သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဩဂုတ် ၂၆ရက်၊ နံနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၅၇၄ဦးရှိပြီး သေဆုံးသူ ၆ဦး ရှိသည်။ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်တွင် အတည်ပြုလူနာသစ် ၇၀ဦး ထပ်မံတွေ့ရှိခဲ့ရာ အမြင့်ဆုံး စံချိန်တင်ကူးစက်မှု ဖြစ်သည်။

ရိုက်ကူး၊မေးမြန်း – ဉာဏ်လှိုင်လင်း၊ မင်းမင်း/Myanmar Now

 

[youtube https://youtu.be/eAJsojQOXNk]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles