အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့တွင် ပန်းပန်ထားသူ အမျိုးသမီး ၄၀ ခန့် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇွန် ၁၉) နံနက်ပိုင်းတွင် ပန်းပန်ထားသူနှင့် ပန်းရောင်းသူ အမျိုးသမီး ၄၀ ခန့်ကို ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မြို့မဈေးအပါအဝင် မြို့တွင်း လူစည်ကားရာနေရာများတွင် ထိုသို့ ဖမ်းဆီးကာ မြို့မရဲစခန်းတွင် စစ်ဆေးနေသည်။

နှင်းဆီပန်း ပန်သူများကို အဓိကဖမ်းဆီးသည်ဟု ကလေးမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“၁၂ နာရီ နောက်ဆုံးပိတ် ကြားရသလောက်တော့ ၄၀ ကျော်လောက် ပါသွားတယ်။ စံပယ်ပန်း ပန်တဲ့သူတွေတော့ လွတ်တယ်။ နှင်းဆီပန်း ပန်တဲ့သူတွေတော့ မလွတ်သေးဘူး။ မေးတုန်းလို့ ကြားတယ်။ ဈေးဆိုင်တွေနဲ့ လမ်းပေါ်က လူတွေကို ဖမ်းတာ” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဈေးအပြင်မှာ ဆိုင်ခန်းတိုက်ခန်းလေး တစ်ခန်းချင်းလေးတွေ။ ဈေးရောင်းခုံမှာ ဒီအတိုင်း ထိုင်နေတာ။ ဝင်ဖမ်းသွားတာ ဘာမှမပြောဘူး။ မေးစရာရှိလို့ လိုက်ခဲ့ပေးပါဦးဆိုပြီး ခေါ်သွားတာ။ အရင်လည်း ပန်တယ်။ ဒီနေ့ကတော့ သူ (ဖမ်းခံရသူ) က နှင်းဆီပန်းအနီ ပန်လိုက်တယ် ပြောတယ်”

ပြန်လွှတ်ပေးသူတချို့ ရှိသည်ဟု ကြားရသော်လည်း ဖမ်းဆီးခံရသူနှင့် ပြန်လွတ်သူအရေအတွက် အတိအကျ မသိရသေးကြောင်း သပိတ်ကော်မတီဝင်များက ဆိုကြသည်။

ယနေ့ (ဇွန် ၁၉) သည် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော၊ ပန်းပန်ဆင်လေ့ရှိသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ယနေ့တွင် ဘုရားပန်း ကပ်လှူခြင်း၊ ပန်းပန်ခြင်း၊ ပန်းအလှဆင်ခြင်း၊ ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားကြသည်။

မုံရွာမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ဇွန် ၁၇ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၊ စစ်ကိုင်းတိုင်းကဲ့သို့ တော်လှန်ရေးအားကောင်းသည့် မြို့နယ်များတွင် ပန်းပန်ဆင်ခြင်း၊ ချီတက်ဆန္ဒပြခြင်း၊ ပန်းသပိတ်လှုပ်ရှားမှုများဖြင့် စစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒပြနေကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ယနေ့တွင် ပန်းပန်ဆင်သူများ၊ ပန်းရောင်းချသူများကို ပန်းမပန်ရန် ဖိအားပေး ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ပန်းပန်ရုံမျှဖြင့် ဖမ်းဆီးသည့် စစ်ကောင်စီ၏ လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ကလေးမြို့နယ် ဒေသခံများက ဆိုသည်။

“လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်မွေးနေ့နဲ့အတူ လူထုအုံကြွလာမှာ၊ လူထုအနေနဲ့ ပန်းသပိတ်အပါအဝင် စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာမှာကို ရန်သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီနေ့အချိန်ထိ ကြောက်ရွံ့တုန်းဆိုတာကို ပန်းပန်တဲ့ပြည်သူကို ဖမ်းဆီးတဲ့လုပ်ရပ်က သက်သေပြတယ်လို့ မြင်တယ်” ဟု ကလေးမြို့နယ်သပိတ်ကော်မတီဝင် ကိုဗိုက်ပူက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ကလေးမြို့နယ်သည် လက်နက်ကိုင်ခုခံမှုသာမက နိုင်ငံရေးအရ အန်တုသည့် ဆန္ဒပြပွဲများ အားကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် ဧပြီ ၁၆ အထိ ရက်ပေါင်း ၈၀၀ နေ့စဉ်မပျက် စစ်ကောင်စီကို လမ်းပေါ်ထွက် ချီတက်လှုပ်ရှားခဲ့ရာမြို့နယ်ဖြစ်သည်။

ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၀၀ အနက် ဆန္ဒပြပွဲများနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပတ်သက်သူ ၁၀၀ ကျော် ပါဝင်ကြောင်း မြို့နယ်သပိတ်ကော်မတီထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကျရောက်သည့် ၇၈ နှစ်ပြည့် မွေးနေ့ကို နေပြည်တော်အချုပ်ထောင်တွင် တစ်ကိုယ်တည်း ဖြတ်သန်းလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles