အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ကိုဗစ်နိုင်တင်း ကာကွယ်ရေးအစီအမံများနှင့် အထည်ချုပ်လုပ်သားများ

ရန်ကုန်မြို့ရှိ စက်ရုံများကို ကိုဗစ်နိုင်တင်းကာကွယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေပြီး စက်ရုံတော်တော်များများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုကြောင့် စက်ရုံများပိတ်ထားရ၍ စက်ရုံများမှာ ပြည်ပအော်ဒါများအချိန်မီပေးနိုင်ခြင်း မရှိသလို လုပ်သားအများအပြားလည်းမှာလည်း လုပ်ခလစာအခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

အစိုးရက စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးသည် ဆိုသော်လည်း သတ်မှတ်ချက်များနှင့် အပြည့်အဝကိုက်ညီမှုမရှိဟု အလုပ်သမားများက ထောက်ပြကြသည်။ သို့သော် စက်ရုံများမှာ စတင်ဖွင့်လှစ်ခွင့်ရချိန်တွင် လိုအပ်ချက်များရှိသော်လည်း တဖြည်းဖြည်းပြည့်စုံရန် ပြင်ဆင်နေရကြောင်း စက်ရုံများဘက်က တုံ့ပြန်ပြောဆိုထားသည်။

သတ်မှတ်ချက်များနှင့်အညီ ပြန်လည်လုပ်ကိုင်ခွင့်ရသည့် အထည်ချုပ်လုပ်ငန်းများအနက်မှ ဓာတ်ပုံရိုက်ခွင့်ပြုခဲ့သည့် အင်းစိန်မြို့နယ်ရှိ Star Sandar အထည်ချုပ်စက်ရုံမှ မြင်ကွင်းများဖော်ပြလိုက်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button