အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အငှားယာဉ်မောင်းသေဆုံးမှု ရဲလက်ချက်ဟုတ်မဟုတ် ရန်ကုန်လွှတ်တော်၏ စုံစမ်းမှုစတင်

(ရန်ကုန်) – ဘထ္ထရီအိုး သူခိုးများဟု သံသယရှိခံရသည့် ခရီးသည်များအား တင်ဆောင်လာသည့် အငှားယာဉ်မောင်းကို ရဲက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့ရသည့် အကြောင်းရင်းမှန်ကို သိရှိရန် ရန်ကုန်တိုင်းလွှတ်တော်၏ စုံစမ်းစစ်ဆေးမှု ယနေ့ စတင်ခဲ့သည်။

ရန်ကုန် သံလျှင်မြို႔တွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်သည် စက်တင်ဘာ ၁၂ တွင် အဆိုပါမြို႔တွင် ခရီးသည်များအား လိုက်ပို့စဉ် ဖမ်းခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်အကြာ စက်တင်ဘာ ၂၆ တွင် ကွယ်လွန်ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

အငှားယာဉ်မောင်းသည် ရဲလက်ထဲတွင်ရှိနေစဉ် ရဲနှင့်ရဲသတင်းပေးများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ဟု မကြာခဏ ပြောကြားကြောင်း သူ၏မိခင် ဒေါ်အေးက စွပ်စွဲပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ ဖြစ်စဉ်က နစ်နာသူတွေပြောတဲ့အတိုင်း အတည်ပြုလို့မရသေးပေမယ့် ဖြစ်နိုင်ခြေတွေတော့ ရှိပါတယ် ” ဟု ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က သေဆုံးသူ၏ မိသားစုဝင်များနှင့် ယနေ့တွင် ရန်ကုန် သာကေတမြို႔နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွင် တွေ့ဆုံခဲ့အပြီး ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည့်အတွက် မကြာခင်ကာလအတွင်း အမှုအမှန်ပေါ်ပါမည်ဟု ယုံကြည်ကြောင်း၊ လူသေမှုအတွက် စွပ်စွဲခံရသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို စောင့်နေသည်ဟု ၄င်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မနက်ဖြန်(ဒီဇင်ဘာ ၄ ရက်)တွင် ကော်မတီ အထူးစည်းအဝေး တစ်ခု ခေါ်ယူရန် ရှိနေသည်။

အဆိုပါအမှုကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှလည်း စုံစမ်းစစ်ဆေးနေပြီး စစ်ဆေးရေးအစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးဌာနသို့ မနက်ဖြန်တွင် ပေးပို့ရန် ရှိနေသည်။

၄င်းတို့၏ စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့မှ ရိုက်နှက်စစ်ဆေးခြင်း မပြုပါဟု ငြင်းဆိုထားကြောင်း၊ အလောင်းအား သင်္ဂြိုဟ်ပြီးသည့်အတွက် အလောင်းအားမစစ်ဆေးရခြင်း၊ အချုပ်ခန်း စောင့်ကြည့် ကင်မရာ CCTV မရှိခြင်းတို့ကြောင့် ဆေးစစ်ချက်နှင့် လူအချို့ကိုသာ စစ်ဆေးမေးမြန်းခဲ့ရသည်ဟု လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button