အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာတွင် ပြည်ပပြန်များ နေအိမ်ကျဉ်းသဖြင့် မိသားစုနှင့်သီးခြားခွဲမနေနိုင်

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အများအပြားရှိနေပြီး ၎င်းတို့ကို နေအိမ်တွင် ၁၄ ရက် စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု လှိုင်သာယာအနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များတွင် ပြည်ပမှပြန်လာသူများ နေ့စဉ်အဆက်မပြတ်ရှိနေပြီး အများစုမှာ ထိုင်းနိုင်ငံမှပြန်လာကြသူများဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း က ပြောသည်။

“ရောက်နေတဲ့သူတွေထဲမှာ အခုထိဖျားနာတဲ့လူတော့ မရှိသေးပါဘူး။ လောလောဆယ်တော့ ဒီနေ့ထိစာရင်းအရ ၃၀ နဲ့ ၅၀ ကြားမှာရှိပါတယ်။ ထပ်တိုးဖို့လည်းရှိပါတယ်။ သူတို့က မြဝတီဘက်ကပြန်လာတာ၊ ဆေးစစ်မှု သီးသန့်ကြီးတော့ မခံလာရတဲ့အတွက် ကျွန်တော်တို့က သူတို့ကို အိမ်မှာအဝင်အထွက်မလုပ်ဘဲ ၁၄ ရက်စောင့်ကြည့်လုပ်ထားတာပါ” ဟု မတ် ၂၆ ညနေပိုင်းတွင် ပြောသည်။

အဆိုပါ အယောက် ၃၀ နှင့် ၅၀ ကြားမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် တစ်ပိုင်းသာဖြစ်ပြီး လှိုင်သာယာအရှေ့ပိုင်းတွင် ပြည်ပမှပြန်ရောက်သူ အရေအတွက်မည်မျှရှိသည်ကိုမူ မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လှိုင်သာယာအရှေ့ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ပြန်ရောက်လာသူများအား နေအိမ်တွင်မိသားစုနှင့်ခွဲ၍ သီးခြားနေထိုင်ရန် ပြောဆိုထားသော်လည်း နေအိမ်များမှာ ကျဉ်းသည့်အတွက် မိသားစုနှင့်ခွဲ၍သီးခြားအခန်းတွင် မနေနိုင်သူများလည်းရှိနေကြောင်း လှိုင်သာယာမြို့နယ် အတွင်းရှိ ရေဥက္ကံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇေယျာမင်းဦး က Myanmar Now ကို ပြောသည်။

“တချို့ကျတော့လည်း ‌ရောက်နေတာအသိမပေးချင်တာမျိုးရှိတယ်။ ပတ်ဝန်းကျင်ကရောက်တယ်ဆိုပြီး အသိပေးလို့ သွားကြည့်တော့ မရှိတော့ဘူးဆိုတာတွေလည်း ကြုံရတယ်” ဟု ၎င်းကပြောသည်။

ပြည်ပပြန်ရောက်လာသူအများစုကို သီးခြားနေရာတစ်ခုတွင် ၁၄ ရက်စောင့်ကြည့်ခြင်းမျိုး လုပ်နိုင်ပါက ပိုမိုကောင်းကြောင်း ၎င်းကအကြံပြုပြောဆိုသည်။

လက်ရှိ ရေဥက္ကံကျေးရွာတွင် မလေးမှပြန်လာသူတစ်ဦး၊ ဂျပန်မှပြန်လာသူတစ်ဦးနှင့် ထိုင်းနိုင်ငံမှပြန်လာသူ လေးဦး စုစုပေါင်း ခြောက်ဦးရှိပြီဖြစ်ပြီး အဆိုပါ ခြောက်ဦးစလုံးမှာ ၁၄ ရက်စောင့်ကြည့်မှု မပြုလုပ်ရသေးဘဲ ကျေးရွာသို့ ရောက်ရှိလာသူများဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“မနေ့ကဆိုညပိုင်း နှစ်ယောက်ဝင်လာတယ်။ ကျွန်တော်လက်မခံလိုက်ဘူး။ သူတို့နယ်ကိုပဲ ပြန်လွှတ်လိုက်တယ်။ အသိတွေဆီလာနားတာလို့ပြောတယ်။ သူတို့မှာရောဂါရှိမရှိလည်း မသိနိုင်တော့လေ။ သူတို့ကတော့ နယ်စပ်ကို ဖြတ်ခဲ့တဲ့အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူခဲ့တယ်ပြောတယ် ဒါပေမဲ့ အဲ့ဒါလည်း ကျွန်တော်တို့က သက်သေအထောက်အထားမရှိတဲ့အတွက် အတည်ယူလို့မရဘူး” ဟု ဦးဇေယျာမင်းဦး က ယနေ့ ပြောသည်။

လက်ရှိတွင် နေအိမ်၌သာ စောင့်ကြည့်မှုလုပ်ဆောင်နေပြီး အကယ်၍လိုအပ်ပါက သီးသန့်ထားရှိရန် မြို့တော်ခန်းမ အစရှိသည့်နေရာများကို အသုံးပြုနိုင်ရန် ပြင်ဆင်ထားပြီး တစ်ယောက်အိပ်ခုတင်များ အပါအဝင် လိုအပ်သည်များကို လုပ်ဆောင်နေကြောင်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း က ပြောသည်။

လတ်တလောအခြေအနေအရ ရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကျန်းမာရေးဝန်ထမ်း များထားရှိပေးထားပြီး ပြည်ပမှပြန်ရောက်သူများကို နေ့စဉ်အဖျားတိုင်းခြင်း လိုအပ်သည့် သတင်းအချက်အလက် ရယူခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

မတ် ၂၆ ညနေ ၆ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၂၇၆ ဦးတွင် ပိုးမတွေ့သူ ၂၅၃ ဦးရှိပြီး သံသယလူနာ နှစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိပြီဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button