အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လာမည့်စနေနေ့မှစ၍ ကျိုက်ထီးရိုးဘုရားပွဲတော် ခေတ္တပိတ်သိမ်းမည်

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် ကျိုက်ထီးရိုးဘုရားပွဲတော်ကို လာမည့်စနေနေ့မှ စတင်ကာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က Myanmar Now ကို ယနေ့ (မတ် ၁၈) ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကြောင့် ပိတ်သိမ်းရခြင်းဖြစ်ပြီး ယနေ့ ညနေ လေးနာရီခန့်တွင် ဂေါပကအဖွဲ့ထံသို့ ညွှန်ကြားစာ ရောက်လာကြောင်း ၎င်းကအတည်ပြုသည်။

ရက်ပေါင်းမည်မျှကြာ ပိတ်ထားမည်ကို သတ်မှတ်ထားခြင်းမရှိဘဲ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဘုရားကြီး၏ ဩဝါဒစရိယဆရာတော်များ ညွှန်ကြားပါက ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ကြေညာပေးမည်ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံး ရောဂါကင်းတဲ့အချိန် ကာကွယ်နိုင်တဲ့အချိန်ကျရင် ပြန်ဖွင့်ပေးမှာပါဟု ၎င်းကဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျိုက်ထီးရိုးတောင်ပေါ်သို့ စနေနေ့များတွင် တောင်တက်ယာဉ် အနည်းဆုံး အစီး ၂၀၀ (ခရီးသည် ,၅၀၀ ခန့်) နှင့် တနင်္ဂနွေနေ့များတွင် အစီး ၁၅၀ (ခရီးသည် ,၀၀၀ ကျော်) ပြေးဆွဲလေ့ရှိကြောင်း တောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က မတ် ၁၆ က ပြောဆိုသည်။

ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်များကို ပိတ်ထားမည်မဟုတ်ကြောင်း၊ COVID-19 ရောဂါအတွက် စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က မတ် ၁၄ တွင် မီဒီယာများကို ပြောခဲ့သော်လည်း ယနေ့တွင် ပိတ်သိမ်းရန်ညွှန်ကြားချက် ထုတ်လိုက်ခြင်းဖြစ်သည်။

ကျိုက်ထီးရိုးဘုရားပွဲအပါအဝင် လာမည့်ကာလတွင် ကျင်းပမည့် ဘုရားပွဲအချို့ကို ခေတ္တပိတ်ထားသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရထံ မတ်လ ၁၆ ရက်နေ့တွင် အကြောင်းကြားစာ ပို့ထားသေးသည်။

ကျိုက်ထီးရိုးစေတီတော်၏ ဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ လတာ ပုံမှန်ကျင်းပသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button