အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ကတရားစွဲထားသည့် ဆရာတော်ကို တရားရုံးက ကျပ်သိန်း ၅၀ဖြင့် အာမခံပေး

တပ်မတော်ကို Facebook ပေါ်တွင် ဝေဖန်ရေးသားသဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ ဖြင့် တရားစွဲဆိုခံထားရသော မန္တလေးမှ ဆရာတော်ဦးစိန္တိတကို ပြည်ကြီးတံခွန်တရားရုံးတွင် ယနေ့စတင်စစ်ဆေးခဲ့ပြီး ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးလိုက်သည်။

တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်အောင် Facebook ပေါ်တွင် ရေးသားသည်ဟုဆိုကာ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်မလိခဝါဆိုကျောင်း ဆရာတော်ဦးစိန္တိတကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

တပ်မတော်ကို Facebook ပေါ်တွင် ဝေဖန်ရေးသားသည့် အချက် ၁၃ ချက်ကြောင့် ဦးစိန္တိတကို၂၀၁၉ စက်တင်ဘာ ၈ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦးက ပြည်ကြီးတံခွန်ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ယနေ့တွင် တရားရုံးက အမှုစွဲတင်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ တိုင်တန်းချက်တွင်စစ်တပ်လုပ်ချင်ရာလုပ်နေတာ ကြံ့ခိုင်ရေးလုပ်ချင်ရာလုပ်နေတာ ဝီရသူနှင့်အပေါင်းအပါတွေ ရိုင်းချင်တိုင်းရိုင်း လုပ်ချင်တာလုပ်နေတာဟာ ၂၀၀၈ ခြေဥ အကာအကွယ်ကြောင့် ဒါကြောင့် ၂၀၀၈ ခြေဥကို ဝိုင်းထုဖို့သာ ဆက်ကြိုးစားကြပါ’ ဟူသည့် အချက်လည်းပါရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆရာတော်ဦးစိန္တိတကယင်းသို့ဝေဖန်ရခြင်းမှာ ပြည်သူကိုထောက်ဆပြီး ကောင်းစေချင်၍ ဝေဖန်ရခြင်းဖြစ်ကြောင်း ယနေ့တရားရုံးအထွက်တွင်မိန့်သည်။

သူတို့ရဲ့သဘောထားတွေ အတ္တတွေပြောင်းလာမယ်ဆိုရင် ဒီလိုဖြစ်လာစရာမရှိဘူး၊ ဦးပဉ္စင်းတို့က ပြောနေတယ်ဆိုတာလည်း ပစ်ပစ်ခါခါကြီး ပြောနေတာမဟုတ်ဘူး။ သူတို့ရဲ့လိုအပ်ချက်တွေ ပြည်သူတွေလိုအပ်ချက်တွေ ထောက်ဆပြီးပြောနေရတာဟု မိန့်သည်။

ဦးစိန္တိတကိုဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦးကပင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅- ကို ဦးတည်သည့် တိုင်တန်းချက်ဖြင့် ၂၀၁၉ မေ ၂၇ တွင် တရားစွဲဆိုခဲ့သော်လည်း တရားရုံးက ဇူလိုင်၂၃ တွင် ပလပ်ခဲ့ပြီးနောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ ဖြင့်ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

လာမည့်ရုံးချိန်းကို မတ် ၁၉ ရက်သို့ချိန်းဆိုပြီး ယနေ့တွင် တရားလိုဒုဗိုလ်မှူးကြီး လာရောက်ခြင်းမရှိပေ။

တစ်နှစ်တည်းမှာပင်မန္တလေးမြို့မှ အခြားဆရာတော်တစ်ပါးဖြစ်သည် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဇွန်  တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်အရာရှိတစ်ဦးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- ကို ဦးတည်သည့် တိုင်ကြားချက်များဖြင့် တရားစွဲဆိုထားမှုကို အမရပူရမြို့နယ်တရားရုံးက ပယ်ချ (ပလပ်) ခဲ့ပြီး ဦးသောဘိတမှာ ၆၆-ဃ ဖြင့် အမှု ဆက်လက်ရင်ဆိုင်နေရသည်။

ဦးစိန္တိတနှင့် ဦးသောဘိတတို့မှာ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင်ပါဝင်ခဲ့သည့် ဆရာတော်များလည်း ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် နှစ် အထိ ချမှတ်နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button