အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးရန် အမတ် ၂၈၀ ကျော်စာရင်းပေး

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းများကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦးက အမည်စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော်၌ အဆို တင်သွင်းခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က Myanmar Now ကို အတည်ပြုသည်။

“တပ်မတော်ဘက်ကတော့ အကုန်လုံးနီးပါးပဲ၊ နှစ်ယောက်ပဲ ချန်ထားတယ်လို့သိရတယ်”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ရုံးထံမှ ရရှိသောစာရင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ ၆၉ဦး၊ တိုင်းရင်းသားနှင့် အခြားပါတီများ၊ တစ်သီးပုဂ္ဂလ ၄၉ဦး ၊ တပ်မတော်သား ၁၆၄ ဦးဆွေးနွေးရန် အမည် စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

“ဒီလောက်လူတွေများတာ ဒီနှစ်မကုန်ခင်ပြီးပါ့မလား ဆိုတာကတော့ (ပြည်ထောင်စုလွှတ်တော်) နာယက က စီမံ ခန့်ခွဲပါလိမ့်မယ်။ အားလုံးကို ပေးဆွေးနွေးမှာလား၊ တူတာတွေစုလိုက်မှာလား၊ တစ်ယောက်ကို အချိန်ဘယ်လောက်ပေးပြီး ဆွေးနွေးမှာလဲ စသဖြင့်ပေါ့” ဟု ဦးအောင်ကြည်ညွန့်က ရှင်းပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဦးအောင်ကြည်ညွန့် တင်သွင်းသည့်အဆို အတည်ဖြစ်ပြီး တစ်နှစ်ခန့်အကြာတွင် ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ခုနစ်ခု အထိ လက်ခံရရှိပြီးလည်းဖြစ်သည်။

NLD ဦးဆောင်သည့် ၄၅ ဦးပူးပေါင်းကော်မတီက ဥပဒေကြမ်း နှစ်ခု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့က ဥပဒေကြမ်း ငါးခု တင်သွင်းထားခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းများတွင် ပါဝင်သည့် ပြင်ဆင်ရန်အဆိုပြု ပုဒ်မ စုစုပေါင်း ၁၄၂ ချက်အထိရှိနေပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံဖြင့် ပြင်နိုင်မည့် ပုဒ်မများ၊ လူထုဆန္ဒခံယူပွဲပါ ကျင်းပအတည်ပြုရန် လိုအပ်သည့်ပုဒ်မများကို သီးခြားစီ ခွဲထုတ်၍ ဥပဒေကြမ်းနှစ်ခုအဖြစ် တင်သွင်းဆွေးနွေး ဆုံးဖြတ်ရန် နာယက ဦးတီခွန်မြတ်ကစီစဉ်ထားသည်။

လက်ရှိအချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေး မည်သည့်နေ့ရက်၌ စတင်ဆွေးနွေးမည်နှင့် မည်သူတို့ ဆွေးနွေးရန်ရှိသည်ကို မသိရသေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button