အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Fact-Check | မင်းသားမင်းသမီးအယောင်ဆောင် သတင်းမှားဖြန့် Facebook Page အတုများ

သတင်းမှားဖြန့်ဝေသူများသည် သတင်းဌာနများကဲ့သို့ အယောင်ဆောင်ကြသည့်အပြင် လူအများအပြား အားပေးကြသည့် နာမည်ကြီးအနုပညာရှင်များ အယောင်ဆောင်ကာ သတင်းမှားဖြန့်ကြသည်များလည်း ရှိသည်။ လတ်တလောတွင် အနုပညာရှင်များအယောင်ဆောင်ကာ သတင်းမှားဖြန့်ဝေနေသည့် Facebook Page ပေါင်း ၃၀ ကျော်ကို Myanmar Now က တွေ့ရှိထားသည်။

အဆိုပါ Page များတွင် သရုပ်ဆောင်မြင့်မြတ် အယောင်ဆောင်ထားည့် မြင့်မြတ် ဆိုသည့် Page သည် Follower အများဆုံးဖြစ်ပြီး ၈ သိန်းကျော်အထိ ရှိသည်။ အဆိုပါ Page သည် Cele Media ဆိုသည့် ဝက်ဘ်ဆိုက် နှင့်ချိတ်ဆက်ထားသည်။ Myanmar Idol မှ နာမည်ကြီးပြိုင်ပွဲဝင်များ၏ နာမည်များကိုအသုံးပြုပြီး ပြိုင်ပွဲဝင်များကို အားပေးသည့် ပရိသတ်များကို ရန်တိုက်ပေးသည့် သတင်းတုများကိုလည်း ဖြန့်ဝေနေသည်။

ထို့ပြင် Sport News Myanmar, Sport Myanmar News, Iteach Media နှင့် Every Time Story ဝက်ဘ်ဆိုက်များသည်လည်း အနုပညာရှင်များ၏ နာမည်များကို အသုံးပြုထားသည့် Facebook Page များတွင် သတင်းမှားဖြန့်ဝေနေသည်ကိုလည်း တွေ့ရသည်။ အဆိုပါ ဝက်ဘ်ဆိုက် များသည် Facebook ၏ ထုတ်ကုန်တစ်ခုဖြစ်သည့် Instant Articles ချိတ်ဆက်ထားသည့် ဝင်ငွေရရှိသည့် ဝက်ဘ်ဆိုက် များဖြစ်သည်။

Cele Media ဆိုသည့် ဝက်ဘ်ဆိုက် သည် အနုပညာရှင်နာမည်အသုံးပြုထားသည့် Page အတုပေါင်း ၂၀ တွင် သတင်းမှားများဖြန့်ဝေနေသည်ကို တွေ့ရသည်။ အဆိုပါ ဝက်ဘ်ဆိုက်၏ မျှဝေမှုအများဆုံးဖြစ်သည့် “ဝူဟန်ဗိုင်းရပ်စ် နေပြည်တော်အထိ ကူးစက်လာပါပြီ (ရုပ်သံ)” ဆိုသည့် သတင်းမှားသည် Facebook တွင် မျှဝေသူ ၂ သောင်း ၈ ထောင်ကျော်အထိရှိခဲ့သည်။ အဆိုပါသတင်း ကို Aye Mya Phyu , Aye Mya Phyu – Moe Tho, Saw Chris Moolar, Esther Dawt Chin Sung – Sung Sung, Tan Khun Kyaw ဆိုသည့် အယောင်ဆောင် Page အတုများတွင် မျှဝေခဲ့သည်ကို တွေ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ၏အချက်အလက်စစ်ဆေးမှုအရ အဆိုပါသတင်းသည် သတင်းမှားတစ်ခုသာဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများတွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်ပြီး သံသယလူနာများသာရှိပြီး ကူးစက်ခံရသူမရှိသေးပေ။

Iteach Media ဆိုသည့် ဝက်ဘ်ဆိုက်သည် Aye Mya Phyu, Phyo Myat Aung, ဖိုးချစ် ဆိုသည့် အယောင်ဆောင် Page များတွင် ဖြန့်ဝေလေ့ရှိသည်။ အဆိုပါ ဝက်ဘ်ဆိုက်၏ မျှဝေမှုအများဆုံးဖြစ်သည့် ‘ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးရပြီတဲ့???????? ဝမ်းသာစရာသတင်းလေးမို့ဖြန့်ဝေပေးကြပါအုံးရှင့်…’ ဆိုသည့် သတင်းမှားသည် Facebook တွင် မျှဝေသူ ၁ သောင်း ၇ ထောင်ကျော်အထိ ရှိခဲ့သည်။

Sport News Myanmarဆိုသည့် ဝက်ဘ်ဆိုက်သည် Lulu Aung, May Myint Mo, စံရတီမိုးမြင့် စသည့် အယောင်ဆောင် Page များတွင် ဖြန့်ဝေလေ့ရှိသည်။ Sport Myanmar News ဆိုသည့် ဝက်ဘ်ဆိုက်သည် Cele Media ဆိုသည့် ဝက်ဘ်ဆိုက်က ဖြန့်ဝေလေ့ရှိသည့် Page များတွင် ဖြန့်ဝေလေ့ရှိသည်။ Every Time Story ဝက်ဘ်ဆိုက်အကြောင်း ကိုမူ Myanmar Now အနေဖြင့် ရေးသားထားပြီးဖြစ်သည်။

အဆိုပါ အယောင်ဆောင် Page များတွင် အချို့သည် Fan Page ဟု ဆိုထားသော်လည်း အနုပညာရှင်အကြောင်းထက် ဝက်ဘ်ဆိုက် တစ်ခု၏ သတင်းများကိုသာ စဉ်ဆက်မပျက် မျှဝေနေခြင်းဖြင့် လူအများကို လှည့်ဖြားနေခြင်းဖြစ်သည်။

Myanmar Now က တွေ့ရှိထားသည့် အနုပညာရှင်နာမည်သုံးထားသည့် Page အတုများကို ဖော်ပြပေးလိုက်ပါသည်။

မြင့်မြတ်

Aung Thu

Thin Zar Wint Kyaw

Aye Mya Phyu

Phyo Myat Aung

Eaindraa Kyaw Zin

Wutt Hmone Shwe Yi – Kit

Phyo Myat Aung

ဝတ်မှုံရွှေရည်

မေပန်းချီ

Chit Thu Wai

Aye Mya Phyu – Moe Tho

Lulu Aung

Tan Khun Kyaw

May Myint Mo

Phway Phwayy

Paing Phyo Thu

စံရတီမိုးမြင့်

ChanMyae MgCho Thar

Esther Dawt Chin Sung – Sung Sung

Saw Chris Moolar

Aye Mya Phyu

Esther Dawt Chin Sung

Cherry Htet – NPW

Pinky Win

နေတိုး

Yoon Shwe Yee

Nay Min

မေပြည့်စုံအောင်

ဖိုးချစ်

(ဤဆောင်းပါးကို Myanmar Now ၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက် မျိုးဆက်ပိုင်က ကူညီရေးသားထားသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles