အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းတွင် အာဏာသိမ်းတပ် ၃ ကြိမ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို   ယမန်နေ့ (မတ် ၂၇) က နေရာ သုံးခုတွင်  တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ကချင်ပြည်နယ်အခြေစိုက်တပ်များထံမှ ပြန်လာသည့် ၄၁ စီးပါ စစ်ယာဉ်တန်းကို တကောင်းတိုက်နယ် အတွင်း လုံခြုံရေးလာယူပေးနေသော စစ်သားများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်း ကား ၃ စီးဖြင့် ရောက်လာသော အင်အား ၅၀ ခန့်ရှိ စစ်သားများကို သပိတ်ကျင်းမြို့နယ်အဝင် နောင်လုံသံတံတားအနီး မိုင်းဆွဲတိုက်ခိုက်ပြီး  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ စစ်သား ၄ ဦး သေဆုံးသည်ဟု တိုက်နယ်ပကဖ တာဝန်ရှိသူ ဗိုလ်ကောင်းဆိုသူက ပြောသည်။

“ကချင်ထဲကို ထောက်ပို့သွားတဲ့ ယာဉ်တန်းက အခု ကျောက်စိမ်းတွေသယ်ပြီး ပြန်ဆင်းလာတာ၊ ထီးချိုင့် ရောက်နေပြီ၊ အဲ့ဒီယာဉ်တန်းကို လုံခြုံရေးပေးဖို့ တကောင်းထဲကနေ ထွက်ပြီး မိုင်းရှင်းတာ၊ လမ်းဘေးဝဲယာက တောတွေကို ရှင်းလင်းတာတွေလုပ်တဲ့အချိန် တိုက်ခိုက်ခဲ့တာ” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် တကောင်းတိုက်နယ် ပေါ်တော်မူဘုရားဝင်းအနီး မိုင်းလာရှင်းသည့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ကြိုတင်ထောင်ထားသည့် မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊  စစ်သား ၈ ဦးခန့် သေသည်ဟု ပူးပေါင်းဆောင်ရွက်ခဲ့သည့် တကောင်း ပကဖနှင့် လျှပ်စီးပြောက်ကျားအဖွဲ့ တို့ထံမှ သိရကြောင်း သူက ဆိုသည်။

“ကျွန်တော်တို့ရဲ့ သတင်းထောက်တွေ ရှိတယ်၊ နေရာတွေ ဖြန့်ခွဲထားတာပေါ့။ သူတို့က သူတို့မြင်တာကို ပြန်ပြောပြတာ။ တိုက်ခိုက်မှုအချက်အလက်တွေကို သူတို့က ပြန်သတင်းပို့တာကနေ သိရတာပါ” ဟု သူက ပြောသည်။

ထိုအချိန်တွင်  တကောင်းမြို့တွင်းမှ စစ်ကူလာသည့် ကား ၃ စီးကို ပေါက်တောချောင်းအနီး ပကဖအဖွဲ့ က တိုက်ခိုက်ခဲ့ရာ ကား ၁ စီး မိုင်း တိုက်ရိုက်ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၆ ဦးခန့် သေဆုံးသည်ဟု တိုက်နယ်ပကဖတာဝန်ရှိသူ အထက်ပါအမျိုးသားက ဆက်ပြောသည်။

အခြားကား ၂ စီးပေါ်မှ စစ်သားများက တိုက်ခိုက်မှု ဖြစ်ပွားသည့် ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ပြီး  ထိုနေရာအနီးရှိ ဆင်ညှပ်ကုန်းကျေးရွာမှ အိမ်တစ်လုံးကို မီးရှို့သွားကြောင်း သိရသည်။

တကောင်းပကဖ အဖွဲ့ဝင်တချို့ကို ယမန်နှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- တကောင်း ပကဖ)

တကောင်းတိုက်နယ်ပကဖ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် စစ်သားများလိုက်ပါလာသည့် နောက်ခန်း အမိုးပွင့် Double Cub ကားများ မိုင်းဆွဲခံရစဉ် တစ်စီး မိုင်းထိမှန်သွားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို၊ စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ ထိခိုက်မှုများကို ထုတ်ပြန်လေ့ မရှိပေ။

မန္တလေးမြို့မြောက်ဘက်တွင်ရှိသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် ထီးချိုင့်၊ ကသာ၊ ကောလင်းနှင့် ကချင်ပြည်နယ်အတွင်း ကုန်းလမ်း အသုံးပြုကာ မန္တလေးမြို့ဘက်မှ သွားသည့် စစ်ကောင်စီယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်နေသည်။

မတ်လ ၁၀ ရက်နေ့က မန္တလေးမြို့မှ ထွက်ခွာသွားသည့် အဆိုပါ ၄၁ စီးပါ ယာဉ်တန်းသည် ကချင်ပြည်နယ်သို့ ရောက်ရှိပြီးနောက် ပြန်ဆင်းလာရာ ယမန်နေ့ (မတ် ၂၇) တွင် ထီးချိုင့်မြို့၌ ရောက်ရှိနေပြီး သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ဖြတ်သန်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles