အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အခြေခံဥပဒေကြမ်း ၇ ခုနှင့် ပွဲဆူဦးမည့် လွှတ်တော်

နှစ်ရက်တာ ကျင်းပခဲ့သည့် အခြေခံဥပဒေ ပူးပေါင်းကော်မတီတွင်း အပြီးသတ် ဆွေးနွေးမှုများ ယနေ့ပြီးဆုံးခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ်ရေးဆွဲပြီး လွှတ်တော်သို့ပို့မည်ဟု အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

“အဲဒီနေ့ကျရင် တိုင်းရင်းသားပါတီတွေ၊ စုံစုံညီညီတက်ရောက်မှာပါ၊ တက်ရောက်မယ်ဆိုတာကို ကြိုပြီးအကြောင်း ကြားထားကြပါတယ်”ဟု ၎င်းကဆိုသည်။

ဥပဒေကြမ်းနှစ်ရပ်ကို ဇန်နဝါရီ ၂၇ ရက်တွင်ပြန်စမည့် ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းမည်ဖြစ်ပြီး တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ သီးခြားတင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းများနှင့် ယှဉ်တွဲ၍ လွှတ်တော်၏ အဆုံးအဖြတ်ခံယူမည်ဟု သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၃ရက်) အစည်းအဝေးတွင် တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသားပါတီတို့မှ ၁၈ ဦးနှင့် ယနေ့အစည်းအဝေးတွင် ၁၆ ဦးပျက်ကွက်ခဲ့သော်လည်း ဥပဒေကြမ်းနှစ်ရပ်အပြီးသတ်ပြုစုချိန်တွင်မူ အားလုံးပါဝင်တက်ရောက်မည်ဟု မျှော်လင့်ထားသည်ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့်တင်သွင်းရမည့် ပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ရပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စအပေါ် တပ်မတော်က အတည် မပြုသော်လည်း လုပ်ငန်းစဉ်အပေါ် ကန့်ကွက်ရန်မရှိဟု ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက Myanmar Now ကိုပြောသည်။

“(NLD က) သူတို့ဟာသူတို့ပဲ ထိုးလိုက်နိုင်တဲ့ အနေအထားရှိတာပဲ။ အဲဒီလိုပဲလုပ်မယ်ထင်တယ်၊ ပြောပြတာ အသိပေးတာ ဘာမှမရှိသေးပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ကော်မတီအစည်းအဝေး၌ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များစုံလင်လျှင် တပ်မတော်အနေနှင့် ပျက်ကွက်ရန်မရှိဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက Myanmar Now ကိုပြောသည်။

တိုင်းရင်းသားပါတီများဘက်က ပျက်ကွက်သူတစ်ဦးဖြစ်သည့် မွန်အမျိုးသားပါတီ အမှတ် (၇) မဲဆန္ဒနယ်အမတ် ဦးနိုင်သီဟက မဲဆန္ဒနယ်ရှိလုပ်ငန်းများမအားလပ်၍သာ ပျက်ကွက်ခြင်းဖြစ်ပြီး အခြားအကြောင်းမရှိကြောင်း Myanmar Now ကိုပြောထားသည်။

“သဘော မတူဘူး စသဖြင့်တော့၊ လုပ်ဖို့မရှိပါဘူး” ဟု ၎င်းကဆိုသည်။ အခြားသောပျက်ကွက်သူများနှင့်မူ အဆက်အသွယ်မရသေးပါ။

ဥပဒေကြမ်းနှစ်ရပ်အပြီးသတ်ရေးဆွဲပြီးပါက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်ရန် လိုအပ်သည့် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း ထောက်ခံလက်မှတ်များကို လွှတ်တော်မစတင်မီ ဇန်နဝါရီ ၂၃ ရက်တွင် ကောက်ခံရန် စီစဉ်ထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦးရှိသည့်အတွက် ၂၀ ရာခိုင်နှုန်းဖြစ်သည့် ကိုယ်စားလှယ် ၁၃၂ ဦး၏ လက်မှတ်သာ လိုအပ်မည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် အမတ် ၃၈၅ ဦးအထိ ရှိထားသည့် NLD အနေဖြင့် လိုအပ်သည့် လက်မှတ်အရေအတွက်ကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများဖြစ်သည့်ပုဒ်မ ၄၃၆(က)နှင့် ဆက်စပ်သည့် ပြင်ဆင်ချက်များဆိုင်ရာဥပဒေကြမ်း ၁ ခု၊ ၄၃၆ (ခ) နှင့် အကျုံးဝင်သည့် အချက်များပါဝင်သော ဥပဒေကြမ်းတစ်ခုတို့ကို ပူးပေါင်းကော်မတီက တင်သွင်းရန် စီစဉ်ထားခြင်းဖြစ်သည်။

NLD ကြီးစိုးသည့် ပူးပေါင်းကော်မတီနှင့်အပြိုင် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ၅ ခုကို ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က ပြီးခဲ့သည့်နှစ်အတွင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းမည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ၇ ခုအထိ ရှိလာမည်ဖြစ်ပြီး အများပြည်သူလေ့လာနိုင်ရေး ထုတ်ပြန်ပေးရန် စီစဉ်မည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button