အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြိုင်ဘက်အမတ်လောင်းနှင့် မဲလာထည့်ခဲ့သူများကသာ အနိုင်ရအမတ်ကို ကန့်ကွက်နိုင်သည်ဟု ဥပဒေပြင်မည်

ရွေးကောက်ပွဲအနိုင်ရသူကို ကန့်ကွက်ရာတွင် ယှဉ်ပြိုင်ဘက်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲပေးခဲ့သူများကသာ ကန့်ကွက်နိုင်သည့် အချက်ပါဝင်သော ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့လွှတ်တော်သို့ တင်သွင်းလိုက်သည်။

လက်ရှိ ရွေး‌ကောက်ပွဲဆိုင်ရာဥပဒေများတွင် ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယှဉ်ပြိုင်ဘက်အပြင် မည်သည့်မဲဆန္ဒရှင်မဆို ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားချက်ကို ယင်းသို့ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်ရာတွင် ထိုသို့ထည့်သွင်းပြဋ္ဌာန်းရန် စီစဉ်ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ရန် ဩဂုတ်လအတွင်းက အမျိုးသားလွှတ်တော်သို့ စတင်ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပေးပို့ရာတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲစာရင်းပါ မဲဆန္ဒရှင်များကသာ ကန့်ကွက်နိုင်မည်ဟု ပြင်ဆင်ရန် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် အမျိုးသားလွှတ်တော်က သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲပေးခဲ့သူကသာ ကန့်ကွက်နိုင်မည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၏ အဆိုပါ ပြင်ဆင်ချက်အတိုင်းသာ ဆက်လက်ထားရှိရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့ အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်း ထောက်ခံလိုက်ခြင်းဖြစ်သည်။

ယင်းသို့ပြင်ဆင်ရန် လုပ်ဆောင်ခြင်းမှာ လက်တွေ့ လုပ်ဆောင်ရာတွင် အငြင်းပွားဖွယ်ဖြစ်နိုင်သည့် အချက်များရှိ‌ကြောင်း၊ ကန့်ကွက်သူက မဲပေးခဲ့ခြင်းရှိမရှိကို စစ်ဆေးရာတွင် အခက်အခဲများဖြစ်နိုင်ပြီး မဲပေးသူစာရင်းကို မှတ်တမ်းတင်ရာတွင် စာရွက်ပေါ်တွင် ရေးမှတ်ခြင်းဖြစ်သဖြင့် ပြန်လည်စိစစ်ရာတွင် အငြင်းပွားမှု၊ ကြန့်ကြာမှုများရှိနိုင်ကြောင်း ထောက်ပြသူများလည်း ရှိသည်။

သို့သော် ရ‌သေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက

“မဲ ဘယ်သူလာပေးတယ်ဆိုတာ သက်ဆိုင်ရာ မဲရုံနဲ့ ရပ်ကွက်၊ မြို့နယ် အဆင့်ဆင့်သော ကော်မရှင်တွေက စာရင်းလုပ်တာရှိပါတယ်။ တိုက်စစ်ဖို့ မခက်ပါဘူး” ဟု ဆိုသည်။

မဲစာရင်းများ ပြုစုနေသည့် အရှေ့ဒဂုံမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကမူ မဲရုံများမှာ မဲပေးသူများသည့်အတွက် အချိန်မီမဲပေးနိုင်ရန် အဓိကထားလုပ်ဆောင်ရကြောင်း၊ လာမည့်ရွေးကောက်ပွဲအတွက် မည်သို့လုပ်ဆောင်မည်ကို မသိသော်လည်း ယခင်အတွေ့အကြုံအရမူ မဲပေးသူစာရင်း မှတ်တမ်းတင်ရာတွင် မှားယွင်းမှုများရှိခဲ့ကြောင်း ဆိုသည်။

လွှတ်တော်အမတ် တစ်ဦးကမူ ဥပဒေတွင် ပြဋ္ဌာန်းလိုက်ပါက နည်းဥပဒေတွင် ဆောင်ရွက်ရမည့် နည်းလမ်းကို လိုက်ထည့်ရမည်ဖြစ်ကြောင်း ဆိုသည်။

“ဒီကိစ္စ တိတိကျကျ အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခွင့်ဥပဒေ ပြဋ္ဌာန်းဖို့လိုပါတယ်” ဟု

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းရယ်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးစိုင်းသီဟကျော်က Myanmar Nowကို မှတ်ချက်ပြုသည်။

အဆိုပါဥပဒေကြမ်းများကို လေ့လာသုံးသပ်ရာတွင်ပါဝင်သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည့်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးနှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်အမတ် ဦးသောင်းအေးတို့ကမူ လွှတ်တော်အတွင်း ဆွေးနွေးမှုများမပြုသေးမီ မှတ်ချက်မပေးလိုကြောင်း ပြောကြသည်။

အဆိုပါ ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသူများ နိုဝင်ဘာ ၂၆ ရက် နောက်ဆုံးထား အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button