အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်ရှိ NLD ရုံးသစ်အနီး မိုင်းပေါက်၊ မပေါက်သေးသည့် မိုင်း ၄ လုံး ထပ်တွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပန်းဇင်းချောင်းတံတား အရှေ့ဘက် နန်းရာကုန်းအနီးတွင် အသစ်တည်ဆောက်နေသည့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရုံးအနီးတွင် ယနေ့နံနက် နာရီခန့်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး၊  မပေါက်ကွဲသေးသည့် မိုင်း ၄ လုံး ထပ်တွေ့ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကMyanmar Now ကို ပြောဆိုသည်။

AA (ရက္ခိုင့်တပ်တော်)က ထောင်ထားတဲ့မိုင်းပါဟု ၎င်းကဆိုသည်။

ယင်းမိုင်းပေါက်ကွဲသည့် နေရာပတ်ဝန်းကျင်တွင် ရှာဖွေမှုများပြုလုပ်ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၄ လုံးကို ထပ်မံတွေ့ရှိခဲ့ရကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ လမ်းများကို ယာယီပိတ်ထားခဲ့ပြီး ယခုအခါ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“NLD ရုံးက အသစ်မဖွင့်ရသေးဘူး။ မြို့အရှေ့ဘက်ပေါ့ အဲဒီကနေသွားရင် ဘူးသီးတောင်ချောင်းတံတားအလွန် သွားတဲ့ဘက် နန်းရာကုန်းရွာမှာ ရှိတယ်။ သိပ်မဝေးဘူး နီးနီးလေးပဲ။ တံတားနဲ့လည်း နီးတယ်၊  လှမ်းကြည့်ရင် မြင်နေရတယ်။ မြို့တွင်းတော့ အေးအေးဆေးဆေးပါပဲ၊  အစစ်အဆေးတွေလည်း ပိုတင်းကျပ်လာတာမရှိဘူး” ဟု ဘူးသီးတောင် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ရှင်းပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော်လည်း မိုင်းပေါက်ကွဲမှုမှာ ယခု ပထမဆုံးဖြစ်ကြောင်း ဦးမောင်ကျော်ဇံက ပြောသည်။

ယင်းမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာ၏ မြောက်ဘက်တွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အလောင်းအချို့နှင့် လက်နက်များ ရရှိခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင်ရှိသည့် ကျေးရွာများအနီးတွင် ယခုနှစ် ဇန်နဝါရီလမှစ၍ တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဥယျာဉ်သာ၊ ကံပြင်၊ စံဂိုးတောင်၊ ဆင်သေပြင်စသည့် ကျေးရွာများမှာ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းများနှင့် ရသေ့တောင်မြို့နယ် စေတီတောင်ကျေးရွာများသို့ ဖေဖော်ဝါရီလကတည်းက တိမ်းရှောင်နေကြရသည်။

ရခိုင်စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ ဘူးသီးတောင်မြို့နယ်တွင် စစ်ရှောင် ၂၅၀၀ ကျော် ရှိနေပြီး ရခိုင်မြောက်ပိုင်းတစ်ခုလုံးတွင်မူ ၆၄၀၀၀ ကျော်အထိ ရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button