အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဟနွိုင်းထိပ်သီးဆွေးနွေးပွဲပြီးနောက် အကြီးတန်းအရာရှိများကို မြောက်ကိုရီးယား ကွပ်မျက်ပစ်ခဲ့ဟု သတင်းထွက်

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရသည် ယင်း၏ အမေရိကန်ပြည်ထောင်စုဆိုင်ရာ အထူးသံတမန် ကင်ဟော့ချူးလ်အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ကြီးများကို သုတ်သင်လိုက်သည်ဟု တောင်ကိုရီးယား သတင်းစာတစ်စောင်က သောကြာနေ့တွင် ရေးသားဖော်ပြသည်။

အမေရိကန်ဆိုင်ရာ မြောက်ကိုရီးယားအထူးသံတမန် ကင်ဟော့ချူးလ်နှင့် အခြားသံတမန်လေးဦးသည် ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့သော အမေရိကန်မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းရေးအတွက် တာဝန်ယူလုပ်ကိုင်ခဲ့သူများဖြစ်သည်။

ယင်းဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖြစ်ထွန်းမှု မရရှိခဲ့သည့်နောက် ပြီးခဲ့သည့် မတ်လအတွင်း ၎င်းတို့ကို ကွန်မြူနစ်အစိုးရက သုတ်သင်လိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသတင်းစာ Chosun Ilbo က ဖော်ပြသည်။

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဖြစ်မြောက်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ စေ့စပ်ဆွေးမှုများပြုလုပ်ခဲ့သော အကြီးတန်းအရာရှိ ကင်ယောင်ချူးလ် ဆိုသူမှာလည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ချမှတ်ပြီး ပညာပေးစခန်းတွင် အပို့ခံထားရသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြည်တွင်းရေးပြဿနာများနှင့် မပြေလည်မှုများအပေါ် အာရုံစိုက်မှုများ လွှဲပြောင်းသွားစေရေးအတွက် ဧရာမရှင်းလင်း သုတ်သင်မှုများကို ပြုလုပ်နေသည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားသတင်းစာက ရေးသားသည်။

ကင်ဟော့ချူးလ်ကို စစ်ကြောမေးမြန်းတာတွေလုပ်ပြီး မီရင်လေဆိပ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိလေးဦးနဲ့အတူ ပြီးခဲ့တဲ့မတ်လက ကွပ်မျက်ပစ်ခဲ့တာဟု အမည်မဖော်လိုသူ မြောက်ကိုရီးယားသတင်းရင်းမြစ်ကို Chosun Ilbo သတင်းစာက ကိုးကားဖော်ပြသည်။

၎င်းတို့ကို အမေရိကန်ပြည်ထောင်စုအတွက် သူလျှိုလုပ်မှုဖြင့် အရေးယူအပြစ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: Reuters

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button