အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဗင်နီဇွဲလားတွင် လူထုဆန္ဒပြပွဲများ ပစ်ခတ်ဖြိုခွင်းခံရ၍ ဒဏ်ရာရရှိသူ ဒါဇင်ပေါင်းများစွာရှိ

ဗင်နီဇွဲလား မြို့တော် ကရာကတ်စ် လမ်းမများပေါ်တွင် ဆန္ဒပြပွဲကြီးများ ဖြစ်ပွားရာ အတိုက်အခံအင်အားစုကို ထောက်ခံသူများနှင့် အစိုးရကို သစ္စာခံသော တပ်ဖွဲ့များ ထိပ်တိုက်တိုးကြရင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့သည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ တန်ပြန်ဆန္ဒပြပွဲများ နှင့် အုတ်အော်သောင်းတင်းဖြစ်နေစဉ် မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များသုံးကာ ဆန္ဒပြပွဲများကို စစ်တပ်က နှိမ်နင်းနေသည်။

အသက် ၂၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါဒိုက တာဝန်ရှိသူများ တာဝန်ခံရန် ဆော်သြလိုက်သည်။

လက်ရှိသမ္မတ နီကိုလက်စ်မာဒူရို ရာထူးမှ ပြုတ်ကျသည်အထိ ဆန္ဒပြသပိတ်မှောက်ကြရန် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါဒိုက ဆက်လက်ဆော်သြလျက်ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အစိုးရဝန်ထမ်းများကိုပါ သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပြီး ယင်းသို့ သပိတ်မှောက်ခြင်းဖြင့် အထွေထွေသပိတ် ပေါ်ပေါက်လာမည်ဟု ၎င်းက ပြောကြားသည်။

ဟွမ်ဂွါဒိုသည် ဗင်နီဇွဲလား၏ ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ကြေညာထားပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ လက်တင်အမေရိက နိုင်ငံအများစု အပါအဝင် နိုင်ငံ ၅၀ ကျော်က ၎င်းကို တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသည်။

သို့သော် ရုရှား၊ တရုတ်နှင့် ဗင်နီဇွဲလားစစ်ခေါင်းဆောင်များက ထောက်ခံပေးထားသော မာဒူရိုက ရာထူးဆင်းပေးရန် ငြင်းဆန်ထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အစိုးရကိုလိုလားသော၊ အစိုးရကို မလိုလားသော အုပ်စုများ ဆန္ဒပြကြရာ အစပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

မြို့တော်တွင် သေနတ်သံများ ကြားရပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆန္ဒပြပွဲအတွင်း သေနတ်မှန်၍ သေဆုံးသွားခဲ့ရသည်ဟု ပြည်တွင်း NGO တစ်ခုဖြစ်သော ဗင်နီဇွဲလားလူမှုပဋိပက္ခစောင့်ကြည့်ရေး Venezuelan Observatory of Social Conflict က ထုတ်ပြန်ထားသည်။

အတိုက်အခံကို ထောက်ခံသော ဆန္ဒပြသူများနှင့် အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက် ပြဿနာဖြစ်ပွားရာမှ အနည်းဆုံး လူ ၄၆ ဦး ဒဏ်ရာရထားသည်။

Credit- BBC

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button