အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေတူးဖော်ရေး ကုမ္ပဏီ ဒါရိုက်တာကို အဂတိကော်မရှင် အရေးယူ

ရွှေတူးဖော်ရေး အကြီးအကျယ် လုပ်ကိုင်ခွင့်ရခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတွင် အုပ်ချုပ်မှု ဒါရိုက်တာ တာဝန်ယူထားသော ဦးထွန်းအောင်စိုးသည် မမှန်မကန် တိုင်ကြားသဖြင့် တရားစွဲ အရေးယူနိုင်ရန် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး  ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။

အုပ်ချုပ်မှုဒါရိုက်တာနှင့် အတူ တိုင်ချက်ဖွင့်ခံရသူ အခြားနှစ်ဦးမှာ ကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်သည်ဟု ကော်မရှင် ပြန်ကြားရေး အရာရှိ ဦးကျော်စိုးက Myanmar Now ကို ပြောသည်။

ဦးထွန်းအောင်စိုးသည် ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို ရမည်းသင်းအကျဉ်းထောင်တွင် အထိန်းသိမ်း ခံနေရသူ တချို့ကို သွားရောက် တွေ့ဆုံရန် ညွှန်ကြားခဲ့ကြောင်း၊ သတ္တုတူးဖော်ခွင့်အတွက် ငွေပေးရသည်ဟု ထွက်ဆိုလျှင် ပြစ်ဒဏ် သက်သာစေရန် ဆောင်ရွက်ပေးမည်ဟု သွေးဆောင် ပြောကြားစေခဲ့ကြောင်း ကော်မရှင် သတင်းထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ထိုလုပ်ရပ်များကြောင့် ဒါရိုက်တာ ဦးထွန်းအောင်စိုးကို  အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ နှင့် အရေးယူနိုင်ရေး၊ မမှန်မကန် တိုင်ကြားရာတွင် အားပေးကူညီခဲ့သည်ဟု ဆိုသော ဝန်ထမ်းနှစ်ဦးဖြစ်သည့် ဦးမျိုးအောင်၊ ဦးဆန်နီတို့ကို ပုဒ်မ ၅၉/၆၃ တို့ဖြင့် အရေးယူနိုင်ရန် နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် တိုင်ကြားထားသည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုပုဒ်မသည် ပြစ်မှု ထင်ရှားပါက  သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည်။  

ဦးထွန်းအောင်စိုးက ကော်မရှင်သို့ ပေးပို့သည့် စာတစ်စောင်တွင်လည်း နိုင်ငံ့ဝန်ထမ်းများက ငွေကြေးများ ရယူပြီး ရွှေခိုးတူးခွင့်ပြုကြောင်း “မမှန်မကန်” တိုင်ကြားသည်ဟု  ကော်မရှင်က ဆိုသည်။

သဘောရိုးဖြင့် မှားယွင်းတိုင်ကြားမှု ပါဝင်သည့် တိုင်ကြားစာများကို အရေးယူခြင်း မရှိသော်လည်း ယခုဖြစ်စဉ်မှာ နိုင်ငံ့ဝန်ထမ်းများအား တမင် နစ်နာစေရန်ရည်ရွယ်၍ အချိန်ယူပြီး မမှန်မကန် တိုင်ကြားသည်ဟု ယူဆရသဖြင့်  အရေးယူသည်ဟု ဆိုသည်။

ကုမ္ပဏီမှာ အစိုးရထံ ပေးသွင်းရမည့် ရွှေပိဿာ ၁,၂၀၀ ကျော်ကို မပေးသွင်းနိုင်သေးသည့်အတွက် အစိုးရက ပြန်လည်ရယူလိုမှုဖြင့် ရမည်းသင်းမြို့နယ် ရဲစခန်းတွင် တရားစွဲဆိုထားပြီး ရွှေတူးဖော်မှုလုပ်ငန်း  ရပ်စဲခံထားရသည်။

ဦးထွန်းအောင်စိုးသည် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း အရာရှိတစ်ဦးကို လာဘ်ငွေပေးခဲ့ရသည်ဟု ပြောဆိုကြောင်း ရန်ကုန်အခြေစိုက် The Speaker ဂျာနယ်တွင် ယခင်လက ဖော်ပြခဲ့သည်။ 

သတ္တုတွင်းဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်သည် ရာထူးတာဝန် အလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြား အကျိုးခံစားခွင့်များ ရယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဧပြီ ၁ ရက်နေ့တွင် ထိန်းသိမ်းခံလိုက်ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button