အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဂတိ စွပ်စွဲချက်ဖြင့် သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်မှူးကို ထိန်းသိမ်း

အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်သည် ရာထူးတာဝန် အလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များ ရယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယနေ့  ထိန်းသိမ်းခံလိုက်ရသည်။

ဦးသံဒိုင်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင် ပြောခွင့်ရ အရာရှိတစ်ဦးက အတည်ပြုခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ထားသည်ဟု ဆိုသည်။ သို့သော် မည်သည့် ကုမ္ပဏီထံမှ လာဘ်ငွေယူခဲ့သည် ဆိုသည့်အချက် အပါအဝင် အသေးစိတ်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ်  ၁၀ နှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည်။

ယင်းပြဿနာသည် ပြီးခဲ့သည့် နှစ်အတွင်းက တူးဖော်ထုတ်လုပ်ခွင့် ပိတ်ပင်ခံထားရသည့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် အငြင်းပွားမှုနှင့် ပတ်သက်ဖွယ်ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now သတင်းရင်းမြစ်များ၏ အဆိုအရ မိုးထိမိုးမိဒေသတွင်  လုပ်ကိုင်ခွင့်ရခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ တိုင်ကြားမှုကြောင့် ဦးသံဒိုင် အရေးယူခံရခြင်း ဖြစ်နိုင်သည်။ သို့သော် အာဏာပိုင်များထံမှ သီးခြားအတည်ပြုချက် မရသေးပေ။

ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းအောင်စိုးက အမှတ်(၂) သတ္တုတွင်းလုပ်ငန်း အရာရှိတစ်ဦးကို လာဘ်ငွေပေးခဲ့ရသည်ဟု ပြီးခဲ့သည့် လအတွင်းက ရန်ကုန်အခြေစိုက် The Speaker ဂျာနယ်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

“..သူတို့ရဲ့အဆောက်အအုံ ဆောက်လုပ်ရာမှာ အင်ဂျင်နီယာဖိုးငွေနဲ့ မြေဖို့ခ ဟိုတယ်အခန်းခတွေ ဆောင်ရွက်ပေးခဲ့ရတယ်..” ဟု ဦးထွန်းအောင်စိုးက ပြောဆိုကြောင်း The Speaker တွင် ဖော်ပြထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  ဦးဆောင်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးသံဒိုင်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ၎င်းပိုင် မြေကွက် မြေဖို့ခြင်းနှင့် ယင်းမြေကွက်တွင် အိမ်ဆောက်လုပ်သည့် အင်ဂျင်နီယာကို ငွေပေးရန်အတွက် ကုမ္ပဏီထံ ဆက်သွယ်တောင်းခံခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား အငြင်းပွားမှု ဖြစ်ပေါ်မှသာ ပြန်လည်ပေးအပ်ခဲ့ကြောင်း တိုင်ကြားခံခဲ့ရသည်ဟု အဂတိတိုက်ဖျက်ရေး၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ(၂)လမ်းနှင့် (၃)လမ်းကြားရှိ ၎င်းပိုင်မြေကွက် အမှတ်(A064)တွင် မြေညှိ မြေဖို့ခြင်း လုပ်ငန်းအား ဆောင်ရွက်စေပြီး ကုန်ကျငွေ ကျပ် ၃,၂၇၂,၀၀ဝိ/-ကို ကုမ္ပဏီသို့ ပေးချေခိုင်းခြင်း၊  ၂၀၁၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလ ၎င်း၏မိသားစု ငပလီကမ်းခြေ အပန်းဖြေခရီးတွင် ဟိုတယ်အခန်းခ ငွေ ကျပ် ၄,၂၁၆,၉၀၅/-ကို ကုမ္ပဏီသို့ ပေးချေခိုင်းခြင်း စသည်တို့ စစ်ဆေးတွေ့ရှိခဲ့ရသည်ဟုလည်း ယင်းသတင်းထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button