အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မှ အုတ်ခဲ အလုံး ၁ဝဝ အမှု နိုင်ငံတော်သမ္မတရုံးအထိ ရောက်ရှိ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် လမ်းဘေးတွင်ပုံထားသည့် နိုင်ငံပိုင် အုတ်ခဲ အလုံး ၁ဝဝ ခိုးယူကြောင်း နိုင်ငံတော်သမ္မတရုံးအထိ စွပ်စွဲ တိုင်ကြားခံခဲ့ရသူဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ထိုသို့ တိုင်ကြားသူ ဒေသခံ ၁ဝ ဦးကို တရားစွဲရာ မြို့နယ်တရားရုံးက အမှုကို ပလပ်ခဲ့သည်။

ထို ၁ဝ ဦးထဲမှ  ဦးမြတ်ဌေး ဆိုသူက အုတ်ခဲ ၁ဝဝ ဖြစ်ရပ်အကြောင်း Facebook တွင် ရေးသားမှုအတွက် အုပ်ချုပ်ရေးမှူး၏ တိုင်ကြားခြင်းကိုမူ    မြို့နယ်ရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ပေးထားသည်။

ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေသော ထိုအမှုကို ရုပ်သိမ်းပေးရန် အစီအစဉ် မရှိဟု အုပ်ချုပ်ရေးမှူးက Myanmar Now ကို ယမန်နေ့က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခုနေ လူကြီးတွေ အမှုရုပ်သိမ်းဖို့ ညှိပေးလည်း လက်ခံမှာမဟုတ်ဘူး” ဟု အုပ်ချုပ်ရေးမှူးက ၂ဝ၁၇ နိုဝင်ဘာလက ဖွင့်ထားသည့် အမှုအကြောင်း သူ့ရုံးခန်းတွင် ပြောပြသည်။

တစ်လုံးလျှင် ကျပ် ၉ဝ ဝန်းကျင် ပေါက်ဈေးရှိသော အုတ်ခဲများမှာ ၂၀၁၇ ခုနှစ်က ရပ်ကွက်အတွင်း ရေမြောင်း ပြုပြင်ရန်  စည်ပင်သာယာရေး ကော်မတီက လမ်းဘေးတွင် ပုံထားခြင်း ဖြစ်သည်။  

အုတ်ခဲများကို ယူသုံးခဲ့ခြင်းမှာ လမ်းသွားလမ်းလာတို့ အဆင်ပြေရေးအတွက်ဖြစ်သည်ဟု သူက ဆိုသည်။

 “ကိုယ့်တိုက်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေရှိတော့ သူတို့တက်ရ ဆင်းရ လွယ်အောင် ယူခင်းခဲ့တာပါ။ ကိုယ်ကတော့ ကုသိုလ်လိုချင်လို့ လုပ်ခဲ့တာ။ ကျွန်တော်က သမာသမတ်ကျတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အာမခံရဲတယ်။ သူတို့ကတော့ အဖွဲ့လိုက် တစိုက်မတ်မတ်လိုက်ပြီး အမျိုးမျိုး တိုင်နေတာ” ဟု အသက် ၄၄ နှစ်အရွယ် ဦးသန်းဝင်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်စည်းရုံးရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးကြောင်း၊ မတူကွဲပြားမှုကြောင့် တိုင်ကြားခံရခြင်းဖြစ်မည်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။

တိုင်ကြားမှု အများအပြားအနက် လျှပ်စစ်မီး တရားမဝင်ခိုးယူ သုံးစွဲသည် ဟူသော အချက်လည်း ပါဝင်သည်။

Myanmar Now က ဖတ်ရှုခွင့်ရသော ၂ဝဝ၅ ခုနှစ် တရားရုံး စီရင်ချက် မိတ္တူတစ်စောင်တွင် ဦးသန်းဝင်းသည် လျှပ်စစ်မီး တရားမဝင်သုံးစွဲမှုကြောင့် လျှပ်စစ် ဥပဒေ ပုဒ်မ-၂၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၃၇၉ ကျူးလွန်မှုဖြင့် ငွေဒဏ် ကျပ် တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခံရကြောင်း ဖော်ပြထားသည်။  

ထိုအမှု၊ စီရင်ချက်တို့နှင့် ပတ်သက်ပြီး မေးမြန်းချက်ကိုမူ ဦးသန်းဝင်းက ဖြေဆိုခြင်း မရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button