အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ကြီးမြို့ ခြေဥပြင်ဆင်ရေးထောက်ခံပွဲကို ခြိမ်းခြောက်မှုများကြားမှ ပြုလုပ်ခဲ့

အကြမ်းဖက်နှောင့်ယှက်မည်ဟူသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တော်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက အေးချမ်းစွာ ပြုလုပ်နိုင်ခဲ့သည်။

ကြိုတင်ခွင့်ပြုချက်တောင်းပြီး ပြုလုပ်သည့် အဆိုပါ လှုပ်ရှားမှုတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ချီတက်ခြင်း၊ ဗိုလ်ချုပ်ပန်းခြံတွင် ဟောပြောခြင်းတို့လည်း ပါဝင်သည်။

ခြေ/ဥ ပြင်ဆင်ရေးထောက်ခံပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ၎င်း၏ အမည်ကို ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြကာ ခြိမ်းခြောက်သူတချို့ ရှိသော်လည်း ထောက်ခံပွဲကို ကျင်းပသွားမည်ဟု Myanmar Now ကို ယမန်နေ့က ပြောသည်။

“မစိုးရိမ်ပါဘူး။ ကျွန်တော်တို့က တင်ပြီးတော့ တရားဝင်လုပ်တာလေ။ အဲဒီအတွက်ကြောင့် သက်ဆိုင်ရာက လုံခြုံရေး ယူပေးရမှာပဲ။ လာပြီး နှောင့်ယှက်မယ်ဆိုရင်လည်း သူတို့က ဟန့်တားပေးရမယ်။ ကာကွယ်ပေးရမယ်” ဟု ၎င်းက ပြောသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခြိမ်းခြောက်မှုနှင့် လုံခြုံရေး

ခြိမ်းခြောက်မှုများကို အင်တာနက်စာမျက်နှာတချို့တွင် တွေ့ခဲ့ရသည်။

Thin Oo Oo ဟု အမည်ပေးထားသော facebook အကောင့်တစ်ခုက အန္တရာယ်ဖြစ်မှာကြောက်လျှင် ပြည်သူလူထုများ လမ်းပေါ်မထွက်ရန် သတိပေးလိုက်သည်ဟု ရက်အနည်းငယ် ကြိုတင်ပြီး ရေးသားခဲ့သည်။

နေမင်းသူရ ဟု အမည်ပေးထားသည့် အကောင့်တစ်ခုတွင်လည်း  ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲကို အကြမ်းဖက်သွားမည်ဟု ရေးခဲ့သည်။

“ရှေ့ကိုထွက်လာခဲ့ပါ၊ မြေပြင်မှာပဲ ဆုံတွေ့လိုက်မယ်။ နှစ်ဖွဲ့ထဲက တစ်ဖွဲ့ ပြုတ်မှ အေးမယ်” စသဖြင့် ရေးသားထားသည်။

ယမန်နေ့က တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး မောင်မောင်နိုင်ကို ဆက်သွယ်မေးမြန်းရာ  ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲများအတွက်  လုံခြုံရေး ပိုမို တင်း ကြပ်ထားကြောင်း Myanmar Now ကို ပြောသည်။

“လုံခြုံရေးကတော့ ကျွန်တော်တို့ အဓိက ဦးစားပေးပြီးတော့၊ လုံခြုံရေး မကျိုးပေါက်ဖို့ပေါ့၊ အင်အားကို အရင်ကထက်ပိုပြီးတော့ တိုးပြီးတော့  ဖြည့်စွက်ထားပါတယ်” ဟု ၎င်းက ပြောသည်။



ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယနေ့ နံနက်ပိုင်းက တွေ့ရသော အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ မြင်ကွင်းတချို့ (ဓာတ်ပုံများ – Myanmar Now)


 

 

 


 

 

 

 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button