အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ယာတဲမှ ကန့်ဘလူဒေသခံနှစ်ဦး စစ်ကြောင်းနှင့် တွေ့ပြီး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းတွင် ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များကို တောနင်းရှာနေသည့် စစ်ကောင်စီတပ်က အသက်ကြီးပိုင်း ရွာသားနှစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြောက်ခြမ်း ပလူသာနှင့် ညောင်ကုန်းကျေးရွာများအနီး တောထဲတွင် စစ်ရှောင်နေသည့် ဒေသခံများဖြစ်သော အသက် ၈၀ အရွယ် ဦးနွားတင်သူနှင့် ၅၂ နှစ်အရွယ် ဦးသန်းလွင်တို့ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

မြို့မြောက်ဘက် ၂၃ မိုင်အကွာ ပြည်သူ့စစ် ခေါ် ပျူစောထီးများ တပ်စွဲထားရာ ချပ်ကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက ဒေသခံများ ခိုလှုံမည်ဟု ယူဆသည့် တောတောင်များအတွင်း စီးနင်းနေသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၁၅) တွင် ပလူသာကျေးရွာအရှေ့ဘက်ရှိ တောင်ယာတဲများကို ထိုစစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ရာ တောင်ယာတဲရှိ အသက် ၅၂ နှစ်အရွယ် ဦးသန်းလွင်ကို တွေ့ရှိပြီး ဖမ်းဆီးသွားကြောင်း၊ ၎င်း၏ သားဖြစ်သူမှာ ပစ်ခတ်ခံရသော်လည်း ဒဏ်ရာနှင့် လွတ်မြောက်သွားကြောင်း အနီးအနားရှိ ညောင်ကုန်းကျေးရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်သားတွေက ရမ်းသန်းပစ်တော့ သားက ပေါင်ကို မှန်၊ ကျိုးပြီး မြေပဲခင်းထဲ ဝမ်းလျားမှောက်နေလိုက်တော့ သားကို မတွေ့လိုက်ဘူး။ ဖအေက (တောင်ယာတဲမှ) အထွက်ကို တွေ့ပြီး ဖမ်းသတ်ခံရတာပေါ့” ဟု ထိုသူက ဆိုသည်။

ဦးသန်းလွင်၏ရုပ်အလောင်းကို ပလူသာရွာအနောက်ဘက် နှစ်မိုင်အကွာ ညောင်ကုန်းရွာအတွင်း မီးလောင် ပြာကျနေသည့် နေအိမ်တစ်လုံးအတွင်း ယနေ့ (ဇန်နဝါရီ၁၆) နံနက်က တွေ့ရှိခဲ့ရကြောင်း သူက ဆက်ပြောသည်။

ထိုစစ်သားများသည် ပလူသာ၊ ညောင်ကုန်းရွာတို့ မှတောင်ယာတဲများကို မီးရှို့ဖျက်ဆီးသည်။

ညောင်ကုန်းကျေးရွာတောင်ဘက် တောင်ယာတဲတစ်ခုတွင် စစ်ရှောင်နေသည့် အသက် ၇၈ နှစ်အရွယ် ဦးနွားတင်သူ ဆိုသူ၏ မီးကျွမ်းရုပ်အလောင်းကိုလည်း တွေ့ရသည်ဟု ဆိုသည်။

“ဒဏ်ရာတွေဘာတွေတော့ ကြည့်မရတော့ဘူး၊ မီးလောင်တာကတော့ တော်တော်ပျက်စီးနေပြီ” ဟု အထက်ပါ ကျေးရွာပကဖခေါင်းဆောင်က ပြောသည်။

အိမ်ခြေ ၁၈၀ ခန့်ရှိ ညောင်ကုန်းကျေးရွာမှ နေအိမ် ၆၄ လုံး မီးလောင်ပျက်စီးကြောင်း၊ ယမန်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ် ညောင်ကုန်းရွာမှ ပြန်ထွက်သွားကာ အနီးအနားရှိ တောတောင်များထဲတွင် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းဝင်စဉ် ညောင်ကုန်းကျေးရွာမှ သားအမိနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကာ စစ်သားများက ဓားဖြင့် မွှန်းကာ နှိပ်စက်ခဲ့ကြောင်း အထက်ပါ ပကဖခေါင်းဆောင်က ပြောသည်။

“ဓားနဲ့ ရင်သားကို ထောက်ပြီး လုပ်ထားတာတွေ ရှိတယ်။ (၂၈ နှစ်အရွယ်) သမီးလေးကတော့ ဆီးခုံကို ဓားနဲ့ ထိုးထားတာ ရှိတယ်” ဟု အထက်ပါ ပကဖခေါင်းဆောင်က ပြောသည်။

ညောင်ကုန်းရွာမှ အမျိုးသမီး ၃ ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း၊ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် တစ်ဦးပါသည်သာ သိရပြီး ၎င်းတို့၏ အသက်အရွယ်နှင့် နှိပ်စက်ခံရမှု အခြေအနေအသေးစိတ်ကို မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်မှစ၍ ကန့်ဘလူမြို့အ‌ရှေ့ဘက်ရှိ ၆၀၀၆ တင့်ကားတပ်ရင်းမှ ထွက်လာသည့် အဆိုပါစစ်ကြောင်းသည် ကျွန်းလှမြို့နယ်အတွင်းရှိ ထန်းပင်ကုန်းကျေးရွာ တစ်ရွာတည်းကိုသာ ဝင်ရောက်စီးနင်းပြီး တောတောင်များကိုအဓိကထား နေ့စဉ် စီးနင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပျူစောထီးများ ကာလရှည်တပ်စွဲထားသည့် ချပ်ကြီးကျေးရွာတွင် ခဏနားပြီးနောက် ညောင်ကုန်းရွာကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“ခုစစ်ကြောင်းက ထန်းပင်ကုန်း ဘယ်ရွာမှ မဝင်ဘဲ ရွာတွေကို ကွင်းပြီးတော့မှ တောတိုက်တွေ ပတ်ရှို့ပြီး ချပ်ကြီးရွာကို ဝင်တာ။ ချပ်ကြီးက ထွက်တော့လည်း ညောင်ကုန်းတစ်ရွာပဲ ဝင်ပြီး တောထဲတွေ လိုက်ရှို့နေတာ” ဟု ကန့်ဘလူမြို့နယ် ပကဖခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်သားများသည် ဖောင်ပြင်မြို့အခြေစိုက် အမှတ် ၃၆၈ တပ်ရင်းမှ ဖြစ်ကြသည်၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံစစ်ဘေးရှောင် ငါးဦးကို သတ်ဖြတ်ခဲ့သည် ဟု ဒေသခံသတင်းရင်းမြစ်များအရ သိရသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက ခင်ဦး၊ ရေဦး၊ ဒီပဲယင်းနှင့် ကန့်ဘလူမြို့နယ်များအတွင်း စစ်ကြောင်းများ ဝင်ရောက် စီးနင်းစဉ် ဒေသခံ သောင်းချီ ထွက်ပြေးခဲ့ရသည်၊ ရွာမီးရှို့ခံရ၍ ဒေသခံများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button