အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုမြို့နယ်တွင် စပါးရိတ်နေသည့် တောင်သူတစ်ဦးကို ရဲများက ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ၁၈)က စပါးရိတ်နေသော တောင်သူတစ်ဦး ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။ရဲနှင့်ပျူစောထီးများ တပ်စွဲထားသည့် ရွှေဘိုမြို့အနောက်ဘက် ၂၁ မိုင်ခန့်အကွာ ဆင်အင်းရွာ၏အနီး လယ်ကွင်းအတွင်း တောင်သူများ စပါးရီတ်သိမ်းနေစဉ် ရဲများရောက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

နောက်ကျောတွင် သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့သူမှာ အနီးဝန်းကျင်ရှိ မအူပင်ရွာမှ အသက် ၆၅ နှစ်အရွယ် ဦးမောင်ဝင်းဖြစ်ပြီး လယ်ပိုင်ရှင်ဖြစ်သည်ဟု သိရသည်။​ ပစ်ခတ်မှုဖြစ်ပြီးနောက် အခြားသူများလည်း စပါးဆက်မရိတ်ရဲကြတော့ဘဲ ထွက်ပြေးကြရသည်ဟု ရွာသားတစ်ဦးက ပြောသည်။​

“တောင်သူဆို‌တော့ စပါးရိတ်တဲ့ရာသီပေါ့ဗျာ။ …တွေက စပါးရိတ်တဲ့နေရာလှမ်းပစ်တာ၊ လယ်ရှင် တော့ ပွဲချင်းပြီး သေသွားတာ။ သေနတ်နဲ့ပစ်တယ်ဆိုတော့ ပြေးကြပုန်းကြပေါ့ဗျာ။ (အခြားစပါးခင်း တွေလည်း) ဘယ်ရိတ်ရဲမှာလဲ။ ဒီအတိုင်း ပစ်ထားရတာ” ဟု အထက်ပါ ရွာသားကး ပြောသည်။

မအူပင်ရွာနှင့် စစ်ကောင်စီလက်နက်ကိုင်များတပ်စွဲထားသည့် ဆင်အင်းတိုက်နယ် ကျေးရွာသည် ရွာချင်းဆက်ဖြစ်ကာ မိုင်ဝက်ခန့်သာ ကွာဝေးသည်ဟု သိရသည်။ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ရဲအင်အား ၃၀ ခန့်ရှိ ဆင်အင်းကျေးရွာတိုက်နယ်ရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က အင်အားအလုံး အရင်းနှင့် စစ်ကြောင်းထိုးကာ အဆိုပါနှစ်ရွာကို မီးတင်ရှို့ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
မီးရှို့ခံထားရသော မအူပင်ရွာအား ဒီဇင်ဘာ ၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

ထိုစဉ်က မအူပင်ရွာ၌ အရပ်သားလေးဦး သတ်ဖြတ်ခံရသလို နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ပြီး ဆင်အင်းရွာ တွင် နေအိမ် ထောင်ဂဏန်း  မီးလောင်ခဲ့သည်။

စစ်ကြောင်း ပြန်ထွက်သွားသော်လည်း ရွာထဲတွင် တိုက်နယ်ရဲစခန်းရှိ ရဲများနှင့်ပျူစောထီးများ တပ်စွဲ ထားသဖြင့် ဆင်အင်းရွာအတွင်း သတ်ဖြတ်ခံရသူများရှိသော်လည်း တိတိကျကျ အတည်မပြုနိုင် သေးကြောင်း၊ ရွာအတွင်း ဝင်ပါက ပစ်ခတ်ခံရကြောင်း ကျေးရွာအဆင့်ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ဒေသခံတွေကတော့ စပါးရိတ်ချင်တာပေါ့ဗျာ။ သူတို့ကတော့ လက်နဲ့ပဲရိတ်ရိတ်၊ စက်နဲ့ပဲရိတ်ရိတ် လိုက်ပစ်နေ တာဗျ။ ဆင်အင်းရွာခံတွေကိုလည်း ရွာထဲကို ပေးမဝင်ဘူး ။ ဝင်ရင်ပစ်တယ်။ လွန်ခဲ့တဲ့ အပတ်က ရွာသား သုံးယောက် ဝင်တာ၊ တစ်ယောက်က ကျန်နေခဲ့တာ၊ သတ်ပစ်လိုက်ပြီလို့ သတင်း ရထားတာ”ဟု ထိုသူက ပြော ဆက်ပြောသည်။

ဆင်အင်းရွာအတွင်း ရဲများနှင့်အတူတပ်စွဲထားသည့် ပျူစောထီးများမှာ ကူးတို့ဆိပ်၊ ညောင်ကိုင်း၊ မြင်စီး စသည့် ကျေးရွာများမှ ရွာခံများ ဖြစ်ကြပြီး ထိုသူများက ဆင်အင်းကျေးရွာအတွင်းမှ သယ်နိုင် သမျှပစ္စည်းများကို ကားဖြင့်တိုက်ကာ သိသယ်ယူကြသလို၊ စပါးများကိုလည်း ရိတ်သိမ်းသယ်ယူနေ ကြောင်း ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံအများစုသည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး အိမ်များ မီးရှို့ခံရသလို လယ်ယာ၊ စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်နိုင်ကြတော့သောကြောင့် စားဝတ်နေရေးနှင့် အခက်ကြုံနေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button