အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်တွင် အစစ်ဆေးကြမ်းနေချိန် AA စစ်ဦးစီးချုပ် သတိပေးချက် ထွက်ပေါ်လာ

ဒေသတွင်း ဖမ်းဆီးမှု၊ လုံခြုံရေးတင်းကျပ်မှုများ ရှိနေချိန်တွင် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ် စစ်ကောင်စီတပ် တိုင်းမှူးကို ယနေ့ (မေ ၆) ရက်တွင် လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိပေးပြောဆိုခဲ့သည်။ 

ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်” ဟု  ရေးသားထားခြင်း ဖြစ်သည်။ 

ထို နပခသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းနေရာဒေသအများပြား၏ စစ်ရေးကိစ္စရပ်များကို အဓိကတာဝန်ယူကွပ်ကဲအုပ်ချုပ်နေသည့် ဌာနချုပ်တစ်ခုလည်း ဖြစ်သည်။ 

ဧပြီလအတွင်းနှင့် ယခုရက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြို့နယ်အချို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများကို ပိုမိုပြုလုပ်လာနေသလို စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားကာ ခရီးသွားပြည်သူများကို အစစ်အဆေးကြမ်းနေချိန်၌ ယခုကဲ့သို့ ရခိုင်ဒေသကို ခြေကုပ်ယူထားသည့် AA စစ်ဦးစီးချုပ်၏ သတိပေးပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ထုတ်ဖော်ပြောဆိုထားချိန် AA ဘက်က တက်ရောက်မည် မတက်ရောက်မည် တိတိကျကျ မကြေညာသေးချိန်တွင် ထိုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ထိုအကြောင်းအရာနှစ်ခု ဆက်စပ်မှု ရှိမရှိ မသိရသေးပေ။ 

ထိုသတိပေးချက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခထံ ဆက်သွယ်မေးမြန်းနေဆဲသာ ဖြစ်သည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကာ တွေ့ဆုံရန် ပြောဆိုနေသော်လည်း ရခိုင်ပြည်နယ်တွင် AA, PDF တို့နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီး အရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသည်။ 

AA နှင့် ဆက်စပ်၍ ရခိုင်ဒေသခံတချို့နှင့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ အဖမ်းခံထားရသည်။ တချို့မှာ ခံဝန်လက်မှတ်ထိုးပြီး ပြန်လွတ်လာသည်။

ခရီးသည်များလည်း စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးခံနေရသည်ဟု ရခိုင်ဒေသ စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်သူ မေယုကမ်းဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက ပြောသည်။

“မင်းပြား၊ ပန်းမြောင်းဘက်မှာလည်း လေးမြို့မြစ် အဝင်အထွက်လမ်းကို စစ်ဆေးမှုတွေပြုလုပ်နေတယ်။ နောက်ပြီးတော့ စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်တွေမှာ အရင်နဲ့မတူအောင် စစ်ဆေးတယ်။ ညဘက် ဖြတ်မသွားရ၊ အဲဒီလိုကိစ္စတွေ ရှိတယ်” ဟု သူက ပြောသည်။

AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးခံရသည့် စစ်တွေမြို့နယ်မှ ရခိုင်နှင့် မွတ်ဆလင်တချို့ကို ယမန်နေ့ (မေ ၅) တွင် ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း၊ ၃ ရက်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မကျည်းမြိုင်ရပ်ကွက်၊ အကွက် (၉) မှ ဦးနာဂူ(ခေါ်) ဦးမောင်ဘ၊ သက္ကယ်ပြင်ကျေးရွာမှ ဦးအီးဆု (ခေါ်) ဦးမောင်လှမြင့်၊ ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်းနှင့် ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ် တို့ ၅ ဦးကို နေအိမ်များ၌ စစ်တပ်နှင့် ရဲတို့က သွားရောက်ဖမ်းဆီးခြင်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဧပြီ ၁၉ ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းတွင် နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများကို AA နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးမှုများရှိခဲ့သည်။

စစ်ကောင်စီက ထိုကဲ့သို့ပြုလုပ်နေခြင်းမှာ ငြိမ်းချမ်းနေသည့် ရခိုင်ပြည်နှင့် ရက္ခိုင့်တပ်တော် (AA) ကို ပြဿနာရှာခြင်းဟု ယူဆရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့အချိန်မှာ ဒီလိုအလုပ်တွေ မလုပ်သင့်လို့ မြင်တယ်။ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာမျိုးတွေ၊ ဂိတ်တွေ တိုးချတာမျိုးတွေ၊ အတင်းအကျပ်စစ်ဆေးတာမျိုးတွေ ဒီဟာက ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့အချိန်မှာ မလုပ်သင့်လို့ မြင်တယ်” ဟု သူက ပြောသည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နပခတိုင်းမှူးကို သတိပေးခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

“ဟိုင်းကြီးကျွန်းဘက်မှာ ရခိုင်သား ၄၀ လောက်ကို ဖမ်းတယ်။ စစ်တွေက မွတ်ဆလင်တွေကို လိုက်ဖမ်း‌နေတယ်။ ဒီဟာက အေးအေးဆေးဆေး ငြိမ်းချမ်းနေတာကို သက်သက် လာလုပ်သလိုဖြစ်နေတယ်။ အဲဒါကြောင့် (ဗိုလ်ချုပ်ထွန်းမြတ်နိုင်) က ပြောတယ်လို့ ထင်တယ်”

၂၀၁၈ နှစ်ကုန်မှစ၍ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ ရခိုင်ဒေသတွင် AA နှင့် စစ်တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် နားလည်မှုယူကာ အပစ်ရပ်ထားသည်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဒီဇင်ဘာခန့်မှစ၍ ထိတွေ့တိုက်ပွဲ အနည်းငယ်မှ ဖြစ်ပွားသည်မှအပ တိုက်ပွဲများ ရပ်တန့်နေသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် AA နယ်မြေစိုးမိုးထားသည့် ရခိုင်ဒေသအတွင်း PDF များနှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသူ ၁၀ ဦးထက်မနည်း ရှိနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button