အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ကျဉ်းတစ်ဦး ရိုက်နှက်ခံရသည့်အတွက် ဘားအံထောင်တွင်း ဆန္ဒပြကန့်ကွက်

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ခံရသည်ကို ထောင်အာဏာပိုင်များက ဖြေရှင်းမပေးသည့်အတွက် ထောင်အတွင်း ဆန္ဒပြကန့်ကွက်နေကြသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဘားအံအကျဉ်းထောင် အကျဉ်းဦးစီးဝန်ထမ်းတစ်ဦး၏ပြောဆိုချက်ကို ကိုးကားထားသည်။ 

နိုင်ကျဉ်းတစ်ဦး အကြမ်းဖက်ရိုက်နှက်ခံရအပြီးတွင် ထောင်အာဏာပိုင်များက ထောင်တံခါးများ ပိတ်ထားသည်ဟုလည်း တကသကျောင်းသားဟောင်းတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“အကြောင်းရင်းက အခြားအမှုနဲ့ကျနေတဲ့ အကျဉ်းသားတစ်ယောက်က စော်ကားတဲ့စကားပြောပြီး သူကနေ မြှောက်ပေးပြီးတော့ တခြားအမှုသမားတွေကို နိုင်ကျဉ်းတစ်ယောက်ကို ဝိုင်းထိုးခိုင်းတယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ တင်းမာနေသည့် အခြေအနေတွင် ထောင်အာဏာပိုင်များဘက်မှ ထောင်ပိုင်ကြီးနှင့် ထောင်ပိုင်လေးတို့ လာရောက်ပြီး ဖြေရှင်းပေးပါမည်ဟု ပြောဆိုခဲ့သော်လည်း ဖြေရှင်းမပေးသည့်အတွက် နိုင်ငံရေးအကျဉ်းသားများက နိုင်ငံရေးသီချင်းများသီဆိုကာ ဆန္ဒထုတ်ဖော်နေခြင်းဟုလည်း သူက ဆိုသည်။

“နိုင်ကျဉ်းတွေကလည်း လုံးဝတန်းပြန်မဝင်ဘူး လုံးဝမဝင်ဘူး အဲဒီလိုဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေပြီး အခြေအနေတင်းမာလျက်ရှိသည်ဟုလည်း အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ပြောဆိုချက်ကို ၎င်းက ပြန်ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၀,၃၇၇ ယောက်ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button