အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယခင်အမတ်လောင်း ၂၇ဝ ကျော်ကို ရွေးကော် အမည်ပျက်စာရင်းသွင်း

ပြီးခဲ့သည့် ရှစ်နှစ်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သည့် အမတ်လောင်း ၂၇၃ ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားကြောင်း သိရသည်။

၎င်းတို့သည် သက်ဆိုင်ရာ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာသည့် လွှတ်တော်များ၏ သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟုလည်း ကော်မရှင်၏ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ အရေအတွက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဒေါ်မြသန္တာထွန်းက ထုတ်ဖော်ပြောကြားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ပါဝင်သည့် “ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းနှင့် ဥပဒေစကားဝိုင်း” တွင် ဖော်ပြထားသည်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ရွေးကောက်ပွဲကုန်ကျစရိတ် မသွင်းသည့် ရွေးကောက်ပွဲဝင်အမတ်လောင်း အများဆုံးဖြစ်ပြီး ၁၅၉ ဦးအထိ ရှိခဲ့ကြောင်းလည်း ကော်မရှင်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂ဝ၁ဝ ရွေးကောက်ပွဲဝင်အမတ်လောင်း ၁၁၂ ဦး၊ ယမန်နှစ် ကြားဖြတ်ရွေးကောက်ပွဲဝင် အမတ်လောင်း ၂ ဦးတို့လည်း အရည်အချင်းပျက်ယွင်းသူအဖြစ် စာရင်းသွင်းခံထားရသည်။

ရွေးကောက်ပွဲဥပဒေအရ ကော်မရှင်က အနိုင်ရအမတ်များကို အတည်ပြုပြီး ရက်ပေါင်း (၃ဝ) အတွင်း သတ်မှတ်ထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရမည်ဖြစ်သည်။

အမတ်လောင်းတစ်ဦးလျှင် ရွေးကောက်ပွဲ ကုန်ကျစရိတ် သိန်း ၁ဝဝ အထိ အသုံးပြုခွင့်ပေးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button