အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ကျန်းမာရေး

ဘူးသီးတောင်ဆေးရုံဝန်ဆောင်မှုကို ဒေသခံတချို့ ဝေဖန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် သားဖွားမီးယပ်ဆိုင်ရာ ဝန်ဆောင်မှု အားနည်းချက် အများအပြား ရှိနေသဖြင့် ကျန်းမာရေးဌာနသို့ အကြောင်းကြားထားသည်ဟု မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

သားဖွားမီးယပ် ဆရာဝန်သည် ဂရုတစိုက် ကုသပေးမှု မရှိသည့်အပြင် မောက်မာစွာပြောဆိုဆက်ဆံသည်ဟု လူနာနှင့် လူနာရှင် ၇ ဦးခန့်က စွပ်စွဲထားကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်အမတ်ထံမှ သိရသည်။

“ဂရုတစိုက် မကုသလို့ ကလေးသေသွားတာမျိုး ဖြစ်တယ်။ နောက် မွေးမိခင်တစ်ဦးလည်း သေသွားခဲ့တာမျိုး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ ဒီဆရာဝန်ကို ပြောင်းရွှေ့စေချင်တာပါပဲ။

အလုပ်ကနေ ပြုတ်အောင် လုပ်ချင်တာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကြားမှာ အဆင်ပြေချင်တဲ့သဘောပါ။ ဒါမျိုး နောင်မဖြစ်စေချင်တဲ့ သဘောပါ” ဟု သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စွပ်စွဲခံရသူကိုလည်း သတိပေးထားပြီး ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ဝန်ထမ်းအင်အား လုံလောက်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

တိုင်ကြားမှုများကို အထက်သို့ တင်ပြထားသည်ဟု မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းကျော်က ပြောသည်။

“ဒီမြို့နယ်အဆင့်နဲ့ စစ်ဆေးလို့မရပါဘူး။ ကျွန်တော်တို့ကတော့ အပေါ်အဆင့်ဆင့်ကို တင်ပြရတာပေါ့။ စုံစမ်းစစ်ဆေးရေးတွေလည်း မလုပ်ရသေးပါဘူး။ အဲ့ဒီအတွက် ဘာမှ ထူးထူးခြားခြား ဆောင်ရွက်ထားတာ မရှိသေးပါဘူး” ဟု မြို့နယ် ဆရာဝန်ကြီးက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles