အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“စစ်ကောင်စီက အထိနာလို့ နေရာတကာ လေယာဉ်သုံးနေတယ်” ခူးဒန်နီရယ် (KNPP)

စစ်အာဏာသိမ်းမှု တနှစ်ခန့်ကြာလာချိန် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံမှုများ အများအပြားရှိနေခဲ့ပြီး ကရင်နီဒေသအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ရှေ့တန်းကနေ ပါဝင်နေပါသည်။ ကရင်နီဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး ကရင်နီတပ်မတော် (KA) နှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ‌ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေပါသည်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများသည် ပြည်နယ်မြို့တော် လွိုင်ကော်မြို့အထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ထိခိုက်သေဆုံးမှုရှိသဖြင့် စစ်ကောင်စီက တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များပါ အသုံးပြုတိုက်ခိုက်လာခဲ့ပါသည်။ လက်ရှိ ကရင်နီပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများနှင့် စစ်ဘေးရှောင်အခြေအနေများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ပြောရေးဆိုခွင့်ရှိသူ ခူးဒန်နီရယ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/gLS70goNQ50]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button