UWSA
-
သတင်း
စစ်တပ် အာဏာမစွန့်သရွေ့လက်နက်ကိုင်နှင့် နိုင်ငံရေးတိုက်ပွဲများ ဆက်ရှိနေမည်ဟု KNU ဆို
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU က ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်တပ်၏ ရက် ၁၀၀ စီမံချက်အတွင်း နယ်မြေလေးခုတွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည်ဟု ပြောသည်။
-
သတင်း
မိုးမိတ်မြို့အနီး စစ်တပ်နှင့် KIA တိုက်ပွဲပြင်းထန်
တရုတ်၏ကြားဝင်မှုဖြင့် တအာင်းတပ် TNLA က စစ်တပ်ထံပြန်ပေးခဲ့သည့် မိုးမိတ်မြို့ပေါ်ကို စစ်တပ်ကစိုးမိုးထားသော်လည်း မြို့ပတ်ဝန်းကျင်ကို ကချင်တပ် KIA ကထိန်းချုပ်ထားသည်။
-
သတင်း
နယ်စပ် လက်နက်စီးဆင်းမှုပိတ်ပင်ရေး မြန်မာစစ်ခေါင်းဆောင် တောင်းဆိုချက်ကို ထိုင်းလက်ခံ
နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လက်နက်နှင့်စစ်သုံးပစ္စည်းများ မရောက်ရှိရေး တားဆီးပေးရန် မြန်မာစစ်ခေါင်းဆောင်၏ တောင်းဆိုချက်ကြောင့် နယ်စပ်ဒေသကို ပိုမိုတင်းကျပ်ထိန်းချုပ်ရန် အမိန့်ပေးထားသည်ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို သြဂုတ်လ ၇ ရက်တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။
-
သတင်း
ငပလီကမ်းခြေဗုံးကြဲမှု အရပ်သား ၂ ဦး ဒဏ်ရာရ၊ ဟိုတယ်ဘန်ဂလိုများ ပျက်စီး
စစ်တပ်က ကမ္ဘာကျော် ငပလီကမ်းခြေတလျှောက် ဗုံးကြဲမှုများကို ယခင်လနှင့်ယခုလအတွင်း ခပ်စိပ်စိပ် ပြုလုပ်နေရာ အရပ်သားထိခိုက်မှုများအပြင် ဟိုတယ်အချို့နှင့်လူနေရပ်ကွက်များ ပျက်စီးမှုများ ရှိနေသည်။
-
သတင်း
TNLA နည်းတူ ‘ဝ’ နှင့် ကိုးကန့်လည်း နေပြည်တော်သွားမည်
ရှမ်းမြောက်အခြေစိုက် "ဝ" တပ်ဖွဲ့ နှင့် ကိုးကန့်တပ်တို့သည် လာမည့်လတွင် နေပြည်တော် ဆွေးနွေးပွဲတက်မည်ဖြစ်ပြီး မကြာသေးခင်က တွေ့ဆုံပွဲတက်ခဲ့သည့် TNLA က ကိုယ်ပိုင်ဒေသ တောင်းထားသည်။



