အဂတိတိုက်ဖျက်ရေးကော်မရှင်
-
သတင်း
အလုပ်သမားသံအရာရှိ အဂတိမှု ရှစ်မှုကို တစ်ပေါင်းတည်းစစ်ဆေးရန် တရားခံရှေ့နေလျှောက်ထား
ဦးစန်းမောင်ဦးကို ပုဒ်မ တခုတည်းဖြင့် အမှု ၈ ခုခွဲစွဲဆိုထားခြင်းဖြစ်ကာ အားလုံးပေါင်းပြီး အမှုတခုတည်းအဖြစ် စစ်ဆေးပေးရန် လျှောက်ထားခြင်းဖြစ်သည်။
-
သတင်း
တရားခံထံမှ ‘လက်ဖက်ရည်ဖိုး’ ငွေတစ်သိန်းခွဲတောင်းသည့် ဒုရဲအုပ် ထောင်လေးနှစ်ကျ
ကျပ်သိန်းရာချီ လာဘ်ယူသူများကိုပင် ထောင်ဒဏ်သုံး၊ လေးနှစ်သာချသည့်အတွက် ၎င်းအမှုသည်၏ အပြစ်ဒဏ်က များသည်ဟု ဒုရဲအုပ်ကျော်နိုင်ဦး၏ရှေ့နေက ပြောသည်။
-
သတင်း
အလုပ်သမားသံအရာရှိဟောင်းလင်မယား ဘဏ်စာရင်း ၅၀ ခန့် ဖွင့်ထားဟု အဂတိကော်မရှင် ထွက်ဆို
ဦးစန်းမောင်ဦးနှင့်ဇနီးတို့သည် မသင်္ကာဖွယ်ရာ ငွေလွှဲပြောင်းမှုများနှင့် ငွေလဲလှယ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း အဂတိကော်မရှင်မှ ဦးမိုးကျော်လွင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။
-
သတင်း
အဂတိမှုဖြင့် တရားစွဲထားသော FDA ညွှန်ချုပ်ဟောင်းအမှု အထူးအယူခံခွင့်တောင်းခံ
အဂတိကော်မရှင်၏ စွပ်စွဲချက်နှစ်ခုတွင် တစ်ခုကိုသာ မန္တလေးတိုင်းတရားလွှတ်တော်က စွဲချက်တင်ခဲ့သဖြင့် ဥပဒေအရာရှိက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အထူးအယူခံခွင့် တောင်းခံထားခြင်းဖြစ်သည်။
-
သတင်း
အလုပ်သမားသံအရာရှိ၏ အဂတိမှုတွင် နိုင်ငံခြားဘဏ်စာရင်းကို သက်သေခံအဖြစ် တရားရုံးလက်ခံ
ဦးစန်းမောင်ဦးသည် အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုထံမှ လာဘ်ငွေ ထိုင်းဘတ် ၂၀,၀၀၀ ကို ထိုင်းအခြေစိုက် KBank မှတစ်ဆင့် လက်ခံခဲ့သည်ဟု အဂတိကော်မရှင်က စွပ်စွဲထားသည်။