ကျောက်စိမ်း
-
နာမည်ကျော် ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားရာနဲ့ချီ စစ်ကြောင်းထိုးနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ တစ်လကျော် ရှိလာပါပြီ။ ထောင်နဲ့ချီတဲ့ ဖားကန့်ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေလည်း ရပ်တန့်နေပါတယ်။
Read More » -
တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီး၊ နယ်စပ်ဂိတ်များ လက်လွှတ်ထားရချိန်တွင် စစ်ကောင်စီအတွက် အခွန်ငွေအများအပြားရနေသည့် ကျောက်စိမ်းတင်ပို့မှု ရပ်သွားသည်ဟု ကျောက်မျက်လုပ်ငန်းရှင်များကပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့အများပြားကို ကိုးကန့်တပ် MNDAA၊…
Read More » -
ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့၏ ဝင်ပေါက်ထွက်ပေါက်လမ်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ကာ မြို့ကို ပိတ်ဆို့ရန် ကြိုးစားနေချိန်တွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းက ဆက်လက်လည်ပတ်နေသည်။မိုးကောင်း-ဖားကန့်လမ်းပိုင်း၊ အင်းတော်ကြီး-ဖားကန့် လမ်းပိုင်း၊ စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ဆယ်ဇင်း-ဖားကန့်လမ်းပိုင်းတို့ ရှိရာ လမ်းပိုင်းနှစ်ခုကို ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…
Read More » -
စစ်တပ်က နှစ်ပေါင်း ၃၀ ရောင်းမကုန်နိုင်သည့် ကျောက်စိမ်းများ သိုလှောင်ထားကြောင်း ဦးပိုင်လက်အောက်ခံကုမ္ပဏီ ဒါရိုက်တာအချို့ထံမှ သိရသည်ဟု ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
Read More » -
ကျောက်စိမ်းဈေးကွက် ကမောက်ကမဖြစ်နေသော်လည်း စစ်အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် လိုင်စင်မဲ့ ကျောက်စိမ်းတူးဖော်မှုနှင့် မှောင်ခိုဈေးကွက် ကြီးထွားနေသည်။
Read More »


