ရေဦး
-
သတင်း
ရေဦးနှင့် ဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာ ၂ ရွာ မီးရှို့ခံရ
စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စစ်ကိုင်းတိုင်းအတွင်း နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
-
သတင်း
စစ်တပ်ဝင်စဉ် ရွာသားများတိမ်းရှောင်ရန် ကင်းစောင့်ပေးနေသူနှစ်ဦး သတ်ဖြတ်ခံရ
ခင်ဦးမြို့အနောက်ဘက် ရေဦးမြို့မှ နှစ်မိုင်အကွာ မူးမြစ်ဘေးရှိ ယာတောကျေးရွာအနီးသို့ စစ်တပ်ရောက်ရှိလာစဉ် ရွာကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရခြင်းဖြစ်သည်။
-
သတင်း
ရေဦးမြို့ စစ်ရှောင်များကို စစ်တပ်က ပစ်ခတ်၊ ၈ နှစ်သား သေဆုံး
စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ယောက်ျားလေး သေဆုံးကာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးအပါအဝင် ငါးဦးခန့် ဒဏ်ရာရသည်ဟု ဒေသခံတို့က ပြောသည်။
-
သတင်း
စစ်တပ်ဝင်သည့် ရေဦးတွင် သက်ကြီး ၂ ဦးကို သေဆုံးလျက်ပြန်တွေ့
စစ်တပ် ၂ ရက်ကြာ ဝင်စီးပြီး ပြန်ထွက်သွားသော စစ်ကိုင်းတိုင်း ရေဦးမြို့၊ တောင်ပြင်ငယ်ရွာသို့ ဒေသခံတို့ ပြန်ရောက်စဉ် သက်ကြီးရွယ်အို ၂ ဦး၏ ရုပ်အလောင်းကို တွေ့ရသည်။
-
သတင်း
ရေဦးနယ်ကျေးရွာတချို့ လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခံရ
လေကြောင်းမှ နှစ်ရက်ဆက်တိုက်ခိုက်မှုအတွင်း ရေဦး၊ မင်းကင်းမြို့နယ်များမှ ကျေးရွာ ၁၂ ရွာခန့်မှ လူနှစ်သောင်းနီးပါးသည် ဘေးလွတ်ရာ ထွက်ပြေးနေရသည်။