ခင်ဦးမြို့
-
သတင်း
ခင်ဦးမြို့နယ်ရှိ ပြည်သူ့စစ်စခန်းကို PDF နှင့် ပကဖ ဝင်စီး
စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့ရှိ ပျူစောထီး ခေါ် ပြည်သူ့စစ် အထိုင်စခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၀) နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။ နံနက် ၄ နာရီခန့်တွင် မြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ မကျီးတုံရွာရှိ ထိုစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်…
-
သတင်း
စစ်တပ်နှင့်ပျူစောထီးတို့ ဒီပဲယင်းအနောက်ခြမ်းကို စီးနင်းနေသဖြင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ
ဒေသခံများ ကြောက်လန့်စေရန်အတွက် စစ်ကောင်စီနှင့်ပျူစောထီးတို့က ၎င်းတို့သည် ရက်စက်သည့် သတ်ဖြတ်မှုများ ကျူးလွန်ကြသည့် ဘီလူးစစ်ကြောင်းမှဖြစ်ကြောင်း လူနေအိမ်များတွင် စာရေးသားခြိမ်းခြောက်ခဲ့သည်။
-
သတင်း
စစ်တပ်ဝင်သည့် ခင်ဦးနှင့် ရွှေဘိုတွင် ဒေသခံ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ
စစ်တပ် စစ်ကြောင်းများ စီးနင်းနေသည့် စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် ခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦး အသတ်ခံရပြီး ရွှေဘိုမြို့နယ်တွင်မူ အရပ်သားတစ်ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများထံမှ သိရသည်။ မူးမြစ်အရှေ့ဘက်ရှိ ခင်ဦးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၅)…
-
သတင်း
ခင်ဦးမြို့တွင် စစ်ကြောင်းနှင့် တိုးသော ဒေသခံ ၂ ဦး အသတ်ခံရ
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အရပ်သား ၂ ဦး၊ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်က သတ်လိုက်သည်၊ သေဆုံးသည့် အမျိုးသမီးမှာ မတရားပြုကျင့်ခံရဖွယ်ရှိသည်ဟု ဆိုသည်။
-
သတင်း
ခင်ဦးတွင် စစ်ကောင်စီ ထောက်ပို့ကားတန်း မိုင်းဆွဲခံရပြီး တစ်စီးပျက်စီး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သို့ လာသော စစ်ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ပြောက်ကျားအဖွဲ့ တစ်ခုက ဆိုသည်။ အတိုက်ခံရသည့် စစ်တပ်ရန်ကြောင့် ဒေသခံတို့ ထွက်ပြေးနေရသည်။



