-
သတင်း
ဒေသတော်လှန်ရေးအဖွဲ့ဝင်များကို PDF တပ်ရင်းက ဖမ်းဆီးစစ်ဆေး
ရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် သေနတ်ပစ်ခတ်ခံရပြီးနောက် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင် ၁၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ PDF တပ်ရင်းက ဖမ်းဆီးစစ်ဆေးသည်။
-
သတင်း
PDF ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦး ရေဦးမြို့နယ်တွင် ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနီး ပစ်ခတ်မှုတွင် တိုက်ပွဲအတွက် ကွင်းဆင်းလေ့လာနေသည့် ရွှေဘိုခရိုင် PDF ၏ တပ်ရင်း ၉ ဒုတပ်ရင်းမှူး ကိုဇင်အောင်နှင့် ရဲဘော်သောကြာတို့ သေဆုံးသည်ဟု သိရသည်။
-
သတင်း
ရေစကြိုတွင် စစ်ကောင်စီတပ် ချုံခိုတိုက်ခံရ၊ PDF သေနတ် ၇ လက် ရရှိ
လက်နက်ကိုင်များ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အရပ်ဘက်သုံးကားများဖြင့် သွားလာနေစဉ် ပြောက်ကျားတိုက်ခိုက်ရာ ၁၀ ဦးအထိ သေဆုံးနိုင်သည်ဟု ပခုက္ကူခရိုင် PDF က ခန့်မှန်းသည်။
-
သတင်း
အင်းတော်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးအများအပြားနှင့် လေတပ်ကိုပါ အသုံးပြု
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အလယ်ဆိပ်ရွာတိုက်ပွဲတွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို ကျေးရွာ ၂ ရွာမှ နေအိမ် ၄၀ ကျော် မီးရှို့ခံရသည်၊ KIA,PDF ပူးပေါင်းတပ်မှလည်း ရဲဘော် ၅ ဦး ဒဏ်ရာရခဲ့သည်။
-
သတင်း
ရေဦးမြို့နယ်တိုက်ပွဲတွင် စစ်သားများ သေဆုံးပြီး လက်နက်တချို့ PDF ရ
အနီးကပ်တိုက်ပွဲတွင် သေဆုံးသည့် စစ်သား ၄ ဦးထံမှ လက်နက်တချို့ ရခဲ့သည်၊ မီးလောင်ထားသည့် စစ်သား အလောင်း ၃ လောင်းလည်းတွေ့ခဲ့သည်ဟု ရွှေဘိုခရိုင် PDF တပ်ရင်း ၉ က ပြောသည်။

