ဖမ်းဆီးခံရသူများ
-
သတင်း
Mytel အကြီးအကဲ သတ်ခံရသည့်နေ့တွင် ဘေးရပ်ကွက်မှ အယောက် ၂၀ ဖမ်းခံရ
ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကပ်လျက်ရပ်ကွက်မှ ဗိုလ်မှူးဟောင်း ဦးသိန်းအောင် ပစ်သတ်ခံရပြီးနောက်တွင် အခြားရပ်ကွက်မှ အဆောင်ငှားနေသူများ ညဘက် အဖမ်းခံလိုက်ရသည်။
-
သတင်း
သံတွဲမှ အမျိုးသမီး ၃ ဦးကို PDF သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
PDF လှုပ်ရှားမှုမရှိသည့် ရခိုင်ပြည်နယ်တွင် ဆယ်တန်းကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် အကြမ်းဖက်မှုဥပဒေဖြင့် အရေးယူထားသည်ဟု သိရသည်။
-
သတင်း
မိတ္ထီလာမှ စာကြည့်တိုက်မှူး၊ အုပ်ချုပ်ရေးမှူးဟောင်းတို့ အဖမ်းခံရ
ဘုန်းကြီးကျောင်းစာကြည့်တိုက်မှူး၊ ကျောင်းတိုက်သို့ အလည်ရောက်နေသည့် အုပ်ချုပ်ရေးမှူးဟောင်းတို့ကို မိတ္ထီလာရဲစခန်းတွင် ထိန်းသိမ်းထားသည်။
-
သတင်း
အရာတော်တွင် တိုင်းရင်းဆေးဆရာမကို စစ်ကောင်စီက ဖမ်းဆီး
၂၃ နှစ်အရွယ် တိုင်းရင်းဆေးဆရာ မခင်ငြိမ်းလွင်အကြောင်း ထွက်ဆိုသူရှိသည်ဆိုကာ ယမန်နေ့ (အောက်တိုဘာ ၁၀) ညပိုင်းတွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ဆိုသည်
-
သတင်း
မတ္တရာ ကင်းရွာဘကကျောင်း ဆရာတော်နှင့် တပည့် ၂ ဦး အဖမ်းခံရ
စစ်ကောင်စီတပ်က ကျောင်းတာဝန်ခံဆရာတော်ကို လူဝတ်လဲကာ ဖမ်းသွားပြီး ကျောင်းတွင် ရှိနေသည့် အမျိုးသား ၂ ဦးကိုလည်း ရိုက်နှက် ဖမ်းဆီးသွားသည်ဟု ဒေသခံတို့က ပြောသည်။