မေးမြန်းခန်း
-
“သဘာဝကျကျ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်မှု ဖြစ်ပါတယ်” (အင်တာဗျူး)
လက်နက်ကိုင်တော်လှန်နေသူများကို ထောက်ခံအားပေးနေသည်၊ တော်လှန်ရေးတွင်လည်း “ပူးပေါင်းဆောင်ရွက်” နေသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက ပြောသည်။ ပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း “၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်တိုက်ခိုက်လျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း…
-
“NCA ရဲ့ အခန်းကဏ္ဍကို မေ့လိုက်တော့။” – ABSDF
လွန်ခဲ့သော ၃၅ နှစ်၊ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ကျောင်းသားတပ်သည် စစ်တပ်က အာဏာသိမ်းထပ်သိမ်းလိုက်ချိန်တွင် အပစ်ရပ်စာချုပ်ကို ကျောခိုင်းကာ တော်လှန်ရေးခရီး ဆက်လျှောက်နေသည်။
-
အပစ်ရပ် NCA မက်လုံးလောက်ဖြင့် မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်း၍မရ
အပစ်ရပ်စာချုပ် (NCA) ဖြင့် စစ်တပ်က ထင်သလို ခြယ်လှယ်နေသည့် နိုင်ငံရေးစနစ်ကို မပြောင်းလဲနိုင်ကြောင်း တစ်ကျော့ပြန်အာဏာသိမ်းမှုက သက်သေပြခဲ့သည်ဟု လက်မှတ်ထိုးသား ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/ CNA) က ယူဆထားသည်။
-
“အာဏာရှင်နဲ့ သွားပြီးဆွေးနွေးရင် ဘာအဖြေမှ မထွက်ဘူး” – ပဒိုစောတောနီး
နိုင်ငံရေးထွက်ပေါက်လိုအပ်နေသည့် အာဏာသိမ်းစစ်တပ်က အပစ်ရပ်စာချုပ် ဗန်းပြ၍ ငြိမ်းချမ်းရေး အသံကောင်းဟစ်နေသည်ဟု KNU ပြောခွင့်ရသူက ဆိုသည်။
-
စစ်ဘေးရှောင်ရွာကို တိုက်ခိုက်မှု လူမျိုးသုဉ်းသတ်ဖြတ်သည့် စစ်ဝါဒီလုပ်ရပ်ဟု KIA ပြော
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်သည့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညဉ့်နက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၅၆ ဦးရှိကာ ထိုထဲမှ ၄၄…



