-
ရုပ်သံသတင်း
ကိုဗစ်နိုင်တင်းကြားက သန့်ရှင်းရေးဝန်ထမ်းများ
အသုံးပြုပြီးသား နှားခေါင်းစည်းများ၊ လက်ဆေးရည်ဘူးများနှင့်အတူ လူအများစွန့်ပစ်လိုက်သည့် အမှိုက်များနှင့် အညစ်အကြေးများကို လိုက်လံသိမ်းယူရှင်းလင်း နေကြသည့် မြို့တော်စည်ပင် သန့်ရှင်းရေးဝန်ထမ်းများသည် လုပ်ငန်းခွင်သဘောအရ ကာကွယ်မှုနည်းပါးသည့်အတွက် အကျပ်အတည်း ဖြစ်နေကြသည်။ သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar Now [youtube https://youtu.be/bGyZgBnYxiw]
-
ရုပ်သံသတင်း
ခွဲစိတ်ခန်းသုံးဝတ်စုံ လှူဒါန်းလိုသူများအတွက် စျေးနှုန်းသက်သာစွာ ချုပ်ပေးနေ
ကိုဗစ်နိုင်တင်းကပ်ရောဂါကို ကြံ့ကြံ့ခံနေကြသည့် ဆေးရုံများသို့ ခွဲစိတ်ခန်းသုံးဝတ်စုံများလှူဒါန်းလိုပါက ဝတ်စုံတစ်စုံလျှင် ၁၅၀၀ ကျပ်ဖြင့် စက်ရုံတရုံက ချုပ်ပေးနေပြီဖြစ်သည်။ စက်ရုံ၏ ပုံမှန် အထည်ချုပ်လုပ်ငန်းကိုတော့ ရပ်နားထားပြီး ယခုအချိန်အတွင် လိုအပ်ချက်မြင့်သည့် ခွဲစိတ်ခန်းသုံးဝတ်စုံနှင့် ပါးစပ်၊ နှာခေါင်းစည်းများကို လှူဒါန်းလိုသူများအတွက် ချုပ်လုပ်ပေးနေခြင်းဖြစ်သည်။…
-
ရုပ်သံသတင်း
ကိုဗစ်လူနာတွေ ရှာဖွေဖော်ထုတ်ပေးနေတဲ့ အခမဲ့ ဆေးခန်း
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးတွေ့ရှိထားသည့် ကိုရိုနာဗိုင်းရပ် ပိုးတွေ့လူနာများအနက် အခမဲ့ဆေးခန်း (Fever Clinic) မှတစ်ဆင့် လူနာ ၇ ဦးကို ဗိုင်းရပ်ပိုး ရှာဖွေဖော်ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ပိုးရှိလူနာများသည် ကိုယ်တိုင်မသိရှိပါက ပြည်သူလူထုအကြား အလွယ်တကူ ကူးစက်ပြန့်ပွားသွားစေနိုင်ပြီး အခမဲ့ဆေးခန်းများအနေဖြင့်…
-
ရုပ်သံသတင်း
အဝေးပြေးကားများ ပိတ်ထားသဖြင့် စာတိုက်မှတစ်ဆင့် ပစ္စည်းပို့သူများပြားနေ
ကိုဗစ်နိုင်တင်းဂယက်ကြောင့် ခရီးသည်တင်ကားများနှင့် အဝေးပြေးကားဂိတ်များ ပိတ်ထားသည့်အတွက် ရန်ကုန်မြို့တွင်းမှ တခြားမြို့များသို့ ကုန်ပစ္စည်းပို့မည့်သူများသည် ယခင်က အသုံးပြုမှုနည်းသည့် စာတိုက်မှတစ်ဆင့် ပို့ခြင်းကို အသုံးပြုလာကြသည်။ အဝေးပြေးကားလိုင်းများအနေနှင့်လည်း ခရီးသည်တင်ဆောင်ခွင့်မပြုလျှင် ပစ္စည်းသယ်ယူပို့ဆောင်နိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးရန် လိုလားနေကြသည်။ …
-
ရုပ်သံသတင်း
ကိုဗစ်နိုင်တင်းလူနာ နံပါတ် ၁၄၄ အလုပ်လုပ်သည့်စက်ရုံ ဒီနေ့မနက်အထိလည်ပတ်ဆဲ
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လူနာ နံပါတ် ၁၄၄ သည် စကားပြန်တစ်ဦးဖြစ်ပြီး လှိုင်သာယာစက်မှုဇုန် ၂ ရှိ ချန်းရိဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသူဖြစ်သည်။ သူအလုပ်လုပ်သည့် စက်ရုံတွင် အလုပ်သမားကိုးထောင်ကျော်ရှိပြီး ဒီနေ့အထိ လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်…