အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
  • ရုပ်သံသတင်း

    စက်ရုံအလုပ်သမားများနေထိုင်သည့် လှိုင်သာယာရှိ ရပ်ကွက်တချို့ကို ကျန်းမာရေးစစ်ဆေး

    ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံရသူ လူနာနံပါတ် ၁၄၄ အလုပ်လုပ်ကိုင်ခဲ့သည့် ချန်းရိအထည်ချုပ်စက်ရုံ အပါအဝင် ပေါ့စတစ်လူနာတွေ့ ရှိခဲ့သည့် လှိုင်သာယာမှရပ်ကွက်တချို့တွင် စုစုပေါင်း လူဦးရေ တစ်သိန်းကျော်ကို မေလ ၁၆ ရက်နေ့မှာ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။ သတင်းနှင့်ရိုက်ကူး −…

  • ရုပ်သံသတင်း

    အဆောင်ခမပေးနိုင်သည့် အလုပ်သမားများ စတင်အခက်အခဲတွေ့

    ကိုဗစ်နိုင်တင်းဂယက်ကြောင့် စက်ရုံပိုင်ရှင်ထွက်ပြေးသွားသည့်အတွက် စက်ရုံအချို့မှအလုပ်သမားများ လခ မရကြတော့ပေ။ ထို့ကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် အဆာင်လခများ မပေးနိုင်ကြတော့သည့်အတွက် အဆောင်ပိုင်ရှင်များက ဆက်မငှားတော့သည့် အခြေအနေများနှင့် ကြုံတွေ့နေကြရသည်။ သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar Now [youtube https://youtu.be/KqH-kAlKEgU]

  • ရုပ်သံသတင်း

    အဆောင်နေ စက်ရုံအလုပ်သမားများကို အဆောင်ပိုင်ရှင်တချို့ အဆောင်ခကင်းလွှတ်ခွင့်ပေး

    ကိုဗစ်နိုင်တင်း (COVID-19) ရောဂါဂယက်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် အဆောင်နေ စက်ရုံအလုပ်သမားများကို အဆောင်ပိုင်ရှင်တချို့က အဆောင်လခနှင့် မီတာခကင်းလွတ်ခွင့်ပေးခြင်းများ လုပ်ဆောင်ပေးလာကြသည်။ ယခုကဲ့သို့ လုပ်ဆောင်ပေးနေသည့် အဆောင်အရေအတွက်မှာ ရာဂဏန်းမျှသာရှိပြီး လှိုင်သာယာမြို့နယ်တစ်ခုတည်းတွင်ပင် အလုပ်သမားများနေထိုင်သည့် အဆောင်အရေအတွက် ထောင်ပေါင်းများစွာရှိနေသည်။ သတင်းနှင့်ရိုက်ကူး −…

  • ရုပ်သံသတင်း

    နယ်ပြန်အလုပ်သမားများ အချိန်မီပြန်မရောက်သဖြင့် လုပ်အားခလျှော့ခံရ

    သင်္ကြန်ရုံးပိတ်ရက်အတွင်း နယ်ပြန်ခဲ့ကြသည့် အလုပ်သမားများသည် စက်ရုံက သတ်မှတ်ထားသော အလုပ်ဖွင့်ရက်အမီ ပြန်လည်ရောက်ရှိမလာကြသည့်အတွက် လခစားအဖြစ်မှ နေ့စားအလုပ်သမားအဖြစ် ပြောင်းလဲခံခဲ့ရပြီး လုပ်အားခလျှော့ချခံခဲ့ရသည်။ လခစားအလုပ်သမားတစ်ယောက်အတွက် အချိန်ပိုကြေးအပါအဝင် တစ်နေ့လုပ်အားခ တစ်သောင်းခန့်ရရှိပြီး နေ့စားအလုပ်သမားအတွက် ခုနှစ်ထောင်ခန့်သာရရှိသည်။ သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar…

  • ရုပ်သံသတင်း

    ရန်ကုန်မြို့ပြန်လည်စည်ကားလာမှုကြောင့် ရောဂါပြန်လည်ကူးစက်မှာကို စိုးရိမ်မှုများရှိ

    ကိုဗစ်နိုင်တင်း ရောဂါကူးစက်ခံရသူအရေအတွက် လျော့နည်းလာမှုကြောင့် ရန်ကုန်မြို့ရဲ့ လမ်းမတွေအပေါ်မှာ ဧပြီလမတိုင်ခင်က အခြေအနေမျိုး ကားတွေများစွာ သွားလာနေပြီး ဘတ်စကားမှတ်တိုင်တွေနဲ့ ဈေးတွေမှာလည်း လူများတိုးဝှေ့ကာ သွားလာနေကြသည်။ အခုလို လူများပြန်လည်စည်ကားလာမှုကြောင့် ရောဂါပြန်လည်ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်မှုများလည်း ရှိလာကြသည်။ [youtube https://youtu.be/3DgSpyROirc]