ရုပ်သံသတင်း

ကိုဗစ်နိုင်တင်းလူနာ နံပါတ် ၁၄၄ အလုပ်လုပ်သည့်စက်ရုံ ဒီနေ့မနက်အထိလည်ပတ်ဆဲ

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လူနာ နံပါတ် ၁၄၄ သည် စကားပြန်တစ်ဦးဖြစ်ပြီး လှိုင်သာယာစက်မှုဇုန် ၂ ရှိ ချန်းရိဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသူဖြစ်သည်။ သူအလုပ်လုပ်သည့် စက်ရုံတွင် အလုပ်သမားကိုးထောင်ကျော်ရှိပြီး ဒီနေ့အထိ လုပ်ငန်းလည်ပတ်လျက်ရှိသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကိုဗစ်နိုင်တင်းနှင့် အလုပ်ရုံအလုပ်သမားကိစ္စ online ဆွေးနွေးပွဲတွင် ဥပဒေ လိုက်နာမှုမရှိဘဲ လည်ပတ်နေသည့် စက်ရုံအလုပ်ရုံများကို ချက်ချင်းစစ်ဆေးခိုင်းပြီး ဥပဒေအတိုင်းဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ပေမယ့် ဒီနေ့မနက်အထိ ချန်းရိစက်ရုံကလည်ပတ်နေဆဲဖြစ်ပါသည်။

သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/Z9LTip4sWoA]

Show More

Related Articles

Back to top button