-
ရုပ်သံသတင်း
ရန်ကုန်တွင် “သပိတ်စုံသူပုန်ထ” ခေါင်းစဉ်ဖြင့် ဆန္ဒပြ
“သပိတ်စုံ သူပုန်ထ” ဆိုသည့်ခေါင်းစဥ်ဖြင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် ယနေ့နံနက်အစောပိုင်း က စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြခဲ့ကြသည်။ ထင်ရှားသော ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရား၏မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကို မြို့နယ်သပိတ်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် အထွေထွေသပိတ်ကော်မတီ -GSC တို့ပူးပေါင်းပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု…
-
ရုပ်သံသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို စက်တင်ဘာ (၆) ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံး၌ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်က Myanmar Now ကိုအတည်ပြုပါသည်။ စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး တရားစီရင်ရေးအာဏာကို ထိုဒေသရှိ…
-
သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို
မြန်မာနိုင်ငံသို့ တစ်ပတ်ကြာ အသံတိတ်လာရောက်ခဲ့သည့် တရုတ်ထိပ်တန်းသံတမန်၏ ခရီးစဉ်အပြီးတွင် ဒေါ်စုနှင့် တွေ့ ခွင့်ရရန် စစ်ခေါင်းဆောင်များကို တောင်းဆိုထားကြောင်း အာဆီယံဘက်က အသံထွက်လာသည်
-
သတင်း
မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာ ၁၈၃၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေ
ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် ရွှေနှင့် ဒေါ်လာဝယ်ယူစုဆောင်းသူ များလာပြီးနောက် အမေရိကန်ဒေါ်လာဈေး တစ်ရှိန်ထိုးမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောသည်
-
သတင်း
မန္တလေးတောင်သမန်အင်းအနီး စစ်ကားတစ်စီးတိုက်ခိုက်ခံရ၍ နှစ်ဦးဒဏ်ရာရ
စစ်ကောင်စီယန္တရားအပေါ် တိုက်ခိုက်သည့် ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်နေသည့် မန္တလေးတွင် ရွှေ့လျားသွားလာနေသည့် စစ်ကားတစ်စီး ပစ်မှတ်ထားခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်