-
သတင်း
ရန်ကုန်တွင် ၄ ရက်အတွင်း ၃၅ ဦး အဖမ်းခံရ၊ ဖမ်းဆီးစဉ် ၁ ဦး သေဆုံး
စစ်ကောင်စီတပ်က ရန်ကုန်မှ လူငယ်အများအပြားကို လိုက်လံဖမ်းဆီးစဉ် ၆ ထပ်တိုက်ပေါ်မှ ၁ ဦး ပြုတ်ကျသေဆုံးသည်၊ ပစ္စည်းများကို စစ်သားတို့ ယူသွားပြီး အခန်းတချို့ကို ချိပ်ပိတ်သည်ဟု ဆိုသည်
-
သတင်း
အောင်ပန်းမြို့မှ ကိုယ်ဝန်ဆောင်တစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ
လူမှုကွန်ရက်တွင် ရေးသားမှုနှင့် ပတ်သက်ပြီး မမှန်သတင်းပေး တိုင်ကြားခံရခြင်း ဖြစ်နိုင်ကြောင်း၊ ကိုယ်ဝန်ကြောင့် အလွန်အကျွံ မနှိပ်စက်ရန် တောင်းဆိုသည်ဟု သိရကြောင်း ခင်ပွန်းသည်က ပြောသည်
-
ရုပ်သံသတင်း
စစ်အာဏာသိမ်းမှု ၇ လကျော်လာအချိန်တွင် ရန်ကုန်ရှိ ဟိုတယ် ထက်ဝက်ခန့် ပိတ်ထားရ
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ရန်ကုန်ရှိ ဟိုတယ် ၄၈၃ ခုအနက် ၂၂၅ ခုပိတ်သိမ်းထားရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ခရီးသွားလုပ်ငန်း သိသိသာသာ အထိနာလျက်ရှိသော်လည်း စစ်ကောင်စီကမူ ခရီးသွားလုပ်ငန်းများ…
-
သတင်း
ခရမ်းမြို့တွင်း တိုက်ပွဲတွင် PDF ၂ ဦးသေ၊ ၁ ဦး အဖမ်းခံရ
မြို့ပြပြောက်ကျားစစ်ဆင်သူတို့တွင် လျှို့ဝှက်ပုန်းခိုနိုင်သည့်နေရာ ရှားပါးလွန်းပြီး၊ ချုံခိုတိုက်ခိုက်နိုင်သည့် အခွင့်အရေးလည်း နည်းပါးနေသည်
-
သတင်း
လောင်းလုံးမြို့မှ ၁၆ နှစ်သားကို စစ်ကောင်စီတပ် ပစ်သတ်
တနင်္သာရီတိုင်း ကျေးလက်ဒေသတစ်ခုသို့ စစ်ကောင်စီတပ်သား ၈၀ ရောက်သွားသည့်နေ့တွင် ညဦးပိုင်း အပြင်ထွက်မိသည့် ဆယ်ကျော်သက်တစ်ဦး ပစ်သတ်ခံရပြီး ၁၂ ဦး အဖမ်းခံရသည်