အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခရမ်းမြို့တွင်း တိုက်ပွဲတွင် PDF ၂ ဦးသေ၊ ၁ ဦး အဖမ်းခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၁၇) ည၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်စဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ထိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မြို့ပြပြောက်ကျားစစ်ဆင်ရေး လုပ်ရင်းနဲ့ မလွှွှွှဲမရှောင်သာ ရင်ဆိုင်လိုက်ရတာပါ။ ကျွန်တော်တို့ရဲဘော် နှစ်ယောက်ကျပါတယ်။ တစ်ယောက် ဒဏ်ရာနဲ့ အဖမ်းခံရပါ တယ်” ဟု ခရမ်းမြို့နယ် PDF ၏ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ည ၇ နာရီခန့်တွင် မြို့နယ်အားကစားရုံအနီး တပ်စွဲထားသည့် စစ်တပ် စစ်ဆေးရေးစခန်းကို ခရမ်းမြို့နယ် PDF များက လက်ပစ်ဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးမပေါက်ကွဲဘဲ လက်နက်ကိုင်နှစ်ဖွဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ခရမ်းမြို့နယ် PDF အဖွဲ့က ဆိုသည်။ 

တိုက်ပွဲသတင်းများကို အမှောင်ချထားတတ်သည့် စစ်တပ်ဘက်မှ အထိအခိုက်ရှိမရှိ  မသိရပေ။  

ယနေ့ မနက်မှစ၍ ခရမ်းမြို့တွင်း အသွားအလာတင်းကျပ်စစ်ဆေးနေပြီး အနီးအနား ကျေးရွာတချို့တွင် စစ်တပ်က တပ်စွဲနေရာချထားရန် ပြင်ဆင်နေသည်ဟု ခရမ်းမြို့ခံတချို့က ပြောသည်။ 

“မြို့ကို လက်ရှိမှာ နယ်မြို့လေးနဲ့ မမျှတဲ့ အဆမတန်များပြားတဲ့ အင်အားနဲ့ ဖိနှိပ်နေပါတယ်။ စျေးဆိုင်တွေကိုလည်း အကြမ်းဖက်စစ်ကောင်စီက ပိတ်ခိုင်းထားပြီး ရွာတွေဘက်မှာလည်း တပ်စွဲပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်။ အဝင်အထွက်တွေအားလုံးကိုလည်း ပိတ်ဆို့ထားပါတယ်” ဟု ခရမ်းမြို့နယ် PDF တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ညပိုင်းအထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ချင်း၊ ကယား စသည့် တောင်တန်းဒေသတွင် PDF များ တိမ်းရှောင်လှုပ်ရှားရန် နေရာများပြားခြင်း၊ ချုံခိုတိုက်ခိုက်နိုင်သည့်အခွင့်အရေး မြို့ပြဒေသထက် သာလွန်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်သားများ အထိနာနေသည်။

လျှို့ဝှက်ခိုအောင်းရန်နေရာ မရှိသလောက်ဖြစ်သော ခရမ်းမြို့နယ်အပါအဝင် ရန်ကုန်တိုင်း မြို့နယ်များတွင် ချုံခိုတိုက်ခိုက်နိုင်သည့် အခွင့်အလမ်းနည်းပါးနေသည်။

ခရမ်းမြို့နယ် နောက်ဆက်တွဲ အသေးစိတ်အချက်အလက်များကို မသိရသေးဘဲ Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ 

ဩဂုတ် ၅ တွင် ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာမှ ပြည်ခိုင်ဖြိုးအမတ်လောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင် ပစ်သတ်ခံရပြီးနောက် ၂ ရက်အကြာတွင် အုန်းပင်ကျေးရွာအနီး ရေတပ်ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် အနီးကပ် သုံးချက်ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့သည်။

ယခုလအတွင်း စမ်းချောင်းမြို့နယ်ပစ်ခတ်မှုတွင် ခလရ ၁၃၉ မှ ဒုတပ်ရင်းမှူးနှင့် စစ်သားတချို့ ထိခိုက်၊ သေဆုံးသွားသည်။

အာဏာဖီဆန်သူများ၊ စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူများ၊ လက်နက်ကိုင်ခုခံသူများဟု ယူဆရသူတို့ကို စစ်ကောင်စီက နေရာတိုင်းတွင် အဆက်မပြတ် ဖမ်းဆီးနေရာ စက်တင်ဘာ ၁၃ မှ ၁၇ အတွင်း ရန်ကုန်တိုင်း မြို့နယ်တချို့တွင် လူငယ် ၃၅ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button