အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လောင်းလုံးမြို့မှ ၁၆ နှစ်သားကို စစ်ကောင်စီတပ် ပစ်သတ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၌ ယမန်နေ့ (စက်တင်ဘာ ၁၇ ) တွင် ရောက်ရှိတပ်စွဲခဲ့သည့် စစ်တပ်က ဆယ်ကျော်သက်တစ်ဦးကို ပစ်သတ်ပြီး အရပ်သား အနည်းဆုံး  ၁၂ ဦး ဖမ်းဆီးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ည ၇ နာရီဝန်းကျင်က ကဒတ်ငယ်ထိန်ရွာမှ အသက် ၁၆ နှစ်အရွယ်ခန့် မောင်ရင်မောင်သန့် အပြင်ထွက်သွားလာသည်ဟု ဆိုကာ တပ်စွဲထားသည့် ရွာဘုန်းကြီးကျောင်းတောင်ကုန်းပေါ်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံနောက်တစ်ဦးကလည်း စစ်တပ်သည် ရွာသားတို့ကို ညဘက် အပြင်မထွက်ရန် လူသိရှင်ကြား ကြေညာခြင်း မရှိဟု ပြောသည်။

“ညဘက်ထွက်တာကို ကန့်သတ်တယ်ဆိုတာ သူတို့(စစ်တပ်) ဝင်လာပြီးတဲ့နောက်ပိုင်း၊ တပ်စွဲထားပြီးနောက်ပိုင်း ညနေလောက်မှ သူတို့က ရွာထဲမှာ ဟိုပြောဒီပြောနဲ့ ပြောတာဗျ။ တပ်သားတွေကလေ။ တရားဝင်ကြီးကြေညာတာ၊ ကားနဲ့လှည့်အော်တာ မရှိဘူးခင်ဗျ။ ဆိုတော့ ရွာထဲမှာ လယ်ထဲကိုင်းထဲက တက်လာတဲ့သူတွေ ရှိတယ်ဗျ။ တောခြံတွေ ဘာတွေကနေ ဆင်းလာတဲ့သူတွေ ရှိတယ်လေ။ အဲဒီလူတွေက မသိနိုင်ဘူးလေဗျာ” ဟု ထိုအမျိုးသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခု လက်ရှိမှာတော့ သူတို့ ဧည့်စာရင်းတွေ လိုက်စစ်နေပါတယ် ခင်ဗျ။ လူငယ်တွေ အဓိကထားပြီးတော့ ဘယ်သွားလဲ၊ ဘာလုပ်လဲ မေးပါတယ်” 

စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဖြင့် မနက် ၉ နာရီခန့်တွင် အောက်ရေဖြူကျေးရွာအုပ်စုသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အဝင်အထွက်ပြုလုပ်နိုင်သည့်ရွာများတွင် အစောင့်ချကာ ပိတ်ဆို့စစ်ဆေးကြောင်း၊ ဘုရားသိမ်ဟု ခေါ်သော ဘုရားဝင်းတစ်ခု၊ အထက်တန်းကျောင်းတစ်ကျောင်း၊ ကဒက်ငယ်ထိန်ရွာ ဘုန်းကြီးကျောင်းနှင့် မဟာဗောဓိဘုန်းကြီးကျောင်းအပါအဝင် နာရေးကူညီမှုအသင်းရုံးတစ်ခုတွင် တပ်စွဲထားကြောင်း ဒေသခံများကို ကိုးကား၍ ထိုအမျိုးသားက ပြောသည်။ 

အဝင်အထွက် ပိတ်ဆို့စစ်ဆေးသည့်အတွက် တစ်ရွာနှင့် တစ်ရွာ ကူးလူးသွားလာနေသူ အနည်းဆုံး ၁၂ ဦးခန့် အဖမ်းခံရသည်ဟု သတင်းရရှိကြောင်း၊ ဖမ်းခံရသူတို့မှာ တခြားရွာမှ ရွာသားများဖြစ်ပြီး အမည်နှင့်တကွ မသိရသေးကြောင်း ၎င်းက ဆိုသည်။

“စကစ ကားတွေ ရွာထဲကို ရောက်နေမှန်းမသိဘဲနဲ့၊ ရွာထဲကို ရောက်တာနဲ့ ဂိတ်ထိုးပြီး တစ်ခါတည်း စစ်တာဆိုတော့လေ၊ မသိတဲ့ လမ်းသွားလမ်းလာတွေ၊ ဖုန်းလည်း မရှင်းမိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပိုစ့်ရှဲထားတဲ့သူတွေ တော်တော်များများ မိတယ်ဗျ။ ပြေးလို့ လိုက်ပစ်ပြီးဖမ်းတဲ့သူတွေလည်း ပါတယ်။ တချို့က လွတ်ပြီး တချို့က မလွတ်ကြဘူးခင်ဗျ။ အိမ်ထဲကို ဝင်မွှေပြီးတော့ နာမည်နဲ့ အတိအကျကြီး လိုက်ဖမ်းတာတွေ၊ မွှေတာတွေတော့ မရှိသေးဘူး အခုချိန်ထိ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

အောက်ရေဖြူကျေးရွာအုပ်စုသည် အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အား တောင့်တင်းပြီး စက်တင်ဘာလအထိ ဆန္ဒပြမှုများရှိနေသော ကျေးရွာအုပ်စုဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်ကလည်း စစ်တပ်သည် အောက်ရေဖြူအထက်တန်းကျောင်းတွင် တစ်လကြာ တပ်စွဲ ခဲ့ပြီး ၎င်းကျေးရွာအုပ်စုအတွင်းရှိ ရွာများမှ နေအိမ်တချို့ကို မွှေနှောက်ကာ အဖမ်းအဆီးရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၆ ကလည်း အောက်ရေဖြူကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဦးဆောင်သူ လူငယ်တစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးရာတွင် ဖမ်းမမိသဖြင့် ဖခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။

ယခုတစ်ခေါက်တွင်မူ ဘုန်းကြီးကျောင်းနှင့် ဘုရားဝင်းများကိုပါမကျန် တပ်စွဲပြီး အင်အားဖြန့်ကြက်ထားသည်ဟု ဒေသခံများက ပြောသည်။ ထို့ပြင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရပ်ဆိုင်းကြရန် ကျေးရွာရပ်မိရပ်ဖများကို စစ်တပ်က ခေါ်ယူသတိပေးနေကြောင်း သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles