-
ရုပ်သံသတင်း
UNHCR ကတ်ရှိလည်း မလုံခြုံတော့တဲ့ မလေးရှားက မြန်မာတွေ
မလေးရှားအစိုးရက တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးနှိမ်နင်းတဲ့ စစ်ဆင်ရေးတွေကို နိုင်ငံတစ်ဝန်း အရှိန်မြှင့်ဆောင်ရွက်နေပြီး၊ ၂၀၂၆ နှစ်ဝက်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၃၆,၉၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ ကွာလာလမ်ပူ၊ ဆလန်ဂေါနဲ့ ဂျဟိုးဒေသတွေက စက်မှုဇုန်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဈေးတန်းတွေဟာ…
-
သတင်း
တရုတ်က ထိန်းသိမ်းခဲ့သည့် ဝမ်တိန်အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၄၆ ဦး ပြန်လွတ်
တရုတ်စက်ရုံပိုင်ရှင်နှင့် ပြဿနာတက်ပြီးနောက် တရားမဝင်အလုပ်လုပ်မှုဖြင့် ရဲက ဖမ်းဆီးသွားခဲ့သည့် မြန်မာအလုပ်သမား ၈၀ ခန့်အနက် ၄၆ ဦးမှာ ထောင်ထဲတွင် တစ်လကျော်ကြာပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လွှဲပေးလိုက်ပြီဖြစ်သည်။
-
ရုပ်သံသတင်း
တိုက်ပွဲကြားက ဖယ်ခုံစစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအတွက် ရုန်းကန်မှု
ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်နဲ့ နီးကပ်တဲ့ စစ်ဘေးရှောင်မူလတန်းကျောင်းတစ်ကျောင်းဟာ တိုက်ပွဲအခြေအနေကြောင့် စာသင်နှစ်တစ်နှစ်အတွင်း အကြိမ်ကြိမ် နေရာပြောင်းရွှေ့ဖွင့်လှစ်နေရပါတယ်။ မိုးကာတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ စာသင်ခန်းတွေထဲမှာ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ကျော်ဟာ ပညာဆက်လက်သင်ယူနေကြပေမဲ့ စာရေးကိရိယာ၊ ဖိနပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ…
-
သတင်း
မြစ်ကြီးနား- ဖားကန့်လမ်းတွင် ခရီးသွားလူငယ် ၁ ဦးကို ပြည်သူ့စစ်အဖွဲ့က ပစ်သတ်
အင်းတော်ကြီးဒေသမှ မြစ်ကြီးနားသို့ လာသည့် ကိုဝိုင်းဇော်သည် လဝါးရွာစစ်ဆေးရေးဂိတ်ရှိ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် အချင်းများပြီးနောက် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။
-
သတင်း
သုံ့ပန်း ၄၀ ကျော်ကို ကိုးကန့်တပ်က စစ်တပ်ထံပြန်လွှဲပေး
သီပေါမြို့အခြေစိုက် ခမရ ၅၀၃ မှ အရာရှိအပါအဝင် စစ်သုံ့ပန်း ၄၁ ဦးကို ကိုးကန့်တပ်က ပြီးခဲ့သည့်အင်္ဂါနေ့တွင် လားရှိုးမြို့ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများကဆိုသည်။



