-
သတင်း
လားရှိုးတိုက်ပွဲမှ ဒဏ်ရာရ သုံ့ပန်းများထဲတွင် ခရိုင်ဒုရဲမှူး ပါဝင်
လားရှိုးမြို့သုံ့ပန်းများထဲမှ ဒဏ်ရာရသူတို့ကို ကုသမှုပေးနေသည်ဟု ကိုးကန့်တပ် MNDAA က ရုပ်သံသတင်း ထုတ်ပြန်သည်၊ စစ်ကောင်စီကမူ ကိုးကန့်တပ်က လားရှိုးစစ်ဆေးရုံကို တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။
-
သတင်း
စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်နှင့်နေပြည်တော်တွင်ပြုလုပ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းအများအပြားကို ကိုးကန့်တိုင်းရင်းသားတပ် MNDDA ထံသို့ မကြာခင်ရက်ပိုင်းက လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေသည် တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း ယမန်နေ့က မင်းအောင်လှိုင်က မိန့်ခွန်းထွက်ပြောပြီး အချိန်ကိုက် ယနေ့ဆန္ဒပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
-
သတင်း
ရုရှားနိုင်ငံက စစ်ကူပေးပါရန် ကြံဖွံ့ဥက္ကဌ မေတ္တာရပ်ခံပြီ
ကိုးကန့်တိုင်းရင်သားတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်လားရှိုးရှိ အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရချိန် အင်အားချိနဲ့နေသည့် အာဏာရှင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးစီးသည့် စစ်ကောင်စီကို ရုရှားနိုင်ငံကစစ်ကူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးခင်ရီက လူသိရှင်ကြားမေတ္တာရပ်ခံလိုက်သည်။
-
သတင်း
မင်းအောင်လှိုင်က ရှမ်းမြောက်စစ်ပွဲအပါအဝင် ရှုံးနိမ့်မှုများအတွက် ပြည်ပနိုင်ငံများကို အပြစ်ဖို့၊ KNU ကစစ်ပွဲအသစ်စရန်ပြင်ဆင်နေသည်ဟုလည်း ညည်းတွား
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြုံတွေ့နေရသည့် စစ်ပွဲများအပါအဝင် ၎င်း၏တပ်ဖွဲ့များ ကြုံတွေ့နေရသည့် ရှုံးနိမ့်မှုများသည် တော်လှန်ရေးတပ်များကို ပြည်ပနိုင်ငံများကပေးအပ်သည့် လက်နက်၊ နည်းပညာနှင့် ရိက္ခာများကြောင့်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ယနေ့ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စွပ်စွဲလိုက်သည်။
-
ရုပ်သံသတင်း
စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြော
ရှမ်းမြောက်မှာ ကြုံနေရတဲ့ စစ်ပွဲတွေအပါအဝင် စစ်ကောင်စီတပ်တွေ ရင်ဆိုင်နေရတဲ့ ရှုံးနိမ့်မှုတွေဟာ တော်လှန်ရေးတပ်တွေကို ပြည်ပနိုင်ငံတွေက ပေးတဲ့ လက်နက်၊ နည်းပညာနဲ့ ရိက္ခာတွေကြောင့်ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဒီကနေ့ ဩဂုတ်လ ၅ ရက်မှာ ရုပ်မြင်သံကြားမိန့်ခွန်းကနေ…



