အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြော

ရှမ်းမြောက်မှာ ကြုံနေရတဲ့ စစ်ပွဲတွေအပါအဝင် စစ်ကောင်စီတပ်တွေ ရင်ဆိုင်နေရတဲ့ ရှုံးနိမ့်မှုတွေဟာ တော်လှန်ရေးတပ်တွေကို ပြည်ပနိုင်ငံတွေက ပေးတဲ့ လက်နက်၊ နည်းပညာနဲ့ ရိက္ခာတွေကြောင့်ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဒီကနေ့ ဩဂုတ်လ ၅ ရက်မှာ ရုပ်မြင်သံကြားမိန့်ခွန်းကနေ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဘယ်နိုင်ငံဆိုတာကို တိတိကျကျပြောဆိုတာ မရှိပေမဲ့ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနယ်စပ်တွေက ရတဲ့ လက်နက်တွေကြောင့် သူရဲ့တပ်တွေ အထိနာနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသနဲ့ လားရှိုးမြို့တို့ကို သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ် MNDAA အသုံးပြုခဲ့တဲ့ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေဟာ ပြည်ပပညာရှင်တွေရဲ့အကူအညီနဲ့ အဆင့်မြှင့်ထားတဲ့ လက်နက်တွေဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုပါတယ်။ MNDAA ရဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို “ပြင်ပကြေးစားနည်းပညာရှင်” တွေက အကူအညီပေးကာ အဆင့်မြှင့်ထားတာလို့ သူက စွပ်စွဲထားပါတယ်။ ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်ဝှမ်းမှာ စစ်ပွဲအသစ်စဖို့ ပြင်ဆင်နေကြောင်း ၊ KNU တပ်မဟာ ၁၊ ၃၊ နဲ့ ၅ တို့ပါဝင်တိုက်ခိုက်မယ်လို့ သတင်းရကြောင်းသူက ညည်းတွားခဲ့ပြီး ထိုင်းနယ်စပ်က ရလာတဲ့ လက်နက်တွေကို အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button