-
သတင်း
နတ်မောက်တွင် လေကြောင်းတိုက်ခိုက်၊ ၃ နှစ်သမီးအပါအဝင် ၅ ဦး သေဆုံး
သေဆုံးသူများတွင် အသက် သုံးနှစ်အရွယ်ကလေးငယ်မှ စ၍ အသက် ၆၇ နှစ်အရွယ် သက်ကြီးရွယ်အို များအထိ ပါဝင်သည်။ ထိခိုက်ဒဏ်ရာရသူ ကိုးဦးအနက် ကလေးငယ် နှစ်ဦးမှာ မျက်စိဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည်။
-
သတင်း
ဘုတလင်နယ်တွင် စစ်တပ်စစ်ဆင်ရေးများကြောင့် အရပ်သား ၃ ဦး သေဆုံး
ဘုတလင်မြို့နယ်ကို တကျော့ပြန် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လေယာဉ်၊ အင်ဂျင်တပ်လေထီး၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ တစ်ညနေအတွင်း ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာများမှ အရပ်သား သုံးဦး သေဆုံးခဲ့သည်။
-
သတင်း
မိုင်းလားဒေသတွင် မြေရှားသတ္တုတွင်း ၁၉ ခုအထိရှိလာ
အင်အားကြီးရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တပ်ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေမှု ယခုနှစ်အတွင်း ပိုမိုများပြားလာသည်ဟု ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့ကဆိုသည်။
-
ရုပ်သံသတင်း
ရွှေထွက်သည့် ဖယောင်းတောင်ဒေသ စစ်တပ်ပြန်ရ
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ တစ်နှစ်အကြာ ထိန်းချုပ်ထားသည့် ဖယောင်းတောင်ရွှေတွင်းကို ပြီးခဲ့သည့်ရက်များတွင် စစ်တပ်က ပြန်လည်ရရှိသွားကြောင်း စစ်ရေး ရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
-
သတင်း
ကနီမြို့နယ် ပသုံးလုံးတာဝန်ခံများ အခွန်ကိစ္စကြောင့် ဖမ်းဆီးခံရ
ပသုံးလုံး တာဝန်ခံများ အပါအဝင် ၁၃ ဦးကို ဒေသတွင်း ကောက်ခံနေသော အခွန်ဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။



