အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

​မိုင်းလားဒေသတွင် မြေရှားသတ္တုတွင်း ၁၉ ခုအထိရှိလာ

အင်အားကြီးရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တပ်ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေမှု ယခုနှစ်အတွင်း ပိုမိုများပြားလာသည်ဟု ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့ကဆိုသည်။

အင်းအားကြီးရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တပ်ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေမှု ယခုနှစ်အတွင်း ပိုမိုများပြားလာသည်ဟု ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ယမန်နေ့(သြဂုတ်လ၊ ၂၅ ရက်နေ့)တွင် ထုတ်ပြန်ထားသည်။

NDAA (မိုင်းလားတပ်) ထိန်းချုပ် ဒေသမြို့တော် မိုင်းလားမြို့အရှေ့တောင်ဘက် မိုင် ၁၀၀ ကျော်ရှိ မိုင်းယောင်မြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်အစောပိုင်းက မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေသည့် လုပ်ကွက် သုံးခုသာရှိသော်လည်း ယခုနှစ်အတွင်း တူးဖော်ထုတ်လုပ်နေသည့် လုပ်ငန်း ၁၉ ခု ထပ်မံတိုးချဲ့တူးဖော်နေသည့် အခြေအနေကို ဂြိုဟ်တုဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ အတည်ပြုထားနိုင်သည်ဟု အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။

သတ္တုလုပ်ကွက်များသည် တရုတ်နိုင်ငံနယ်စပ်နှင့် လေးကီလိုမီတာအကွာရှိ ပေ လေးထောင်နှင့်အထက် တောင်တန်းများတွင် တူးဖော်ထုတ်လုပ်နေခြင်းဖြစ်ပြီး ရှစ်ကီလိုမီတာရှည်လျားသည် နယ်စပ်မျဉ်းတလျှောက်တွင် တည်ရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့ကို အထူးဒေသ (၄) အဖြစ်  မြန်မာအစိုးရအဆက်ဆက်က သတ်မှတ်ထားပြီး ထိုင်း၊ တရုတ်နိုင်ငံတို့နှင့်လည်း နယ်မြေချင်းထိစပ်လျက်ရှိသည်။

 ကချင်ပြည်နယ်ရှိ မြေရှားသတ္တုလုပ်ကွက်များကဲ့သို့ပင် မိုင်းယောင်းမြို့အနီး မြေရှားတွင်းများသည် စက်ဝိုင်းပုံသဏ္ဍာန် ဓာတ်ပြုကန်များအား အတန်းလိုက်ထား၍ ထုတ်လုပ်ရေးဆောင်ရွက်နေကြသလို သတ္တုများကို ပျော်ဝင်စေရန် ဓာတုဗေဒပစ္စည်းများ အသုံးပြုတူးဖော်ထုတ်လုပ်နေသည်ကိုလည်း တွေ့ရသည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ဆိုသည်။

ဓာတုဗေဒပစ္စည်းများထည့်ထားသည့် အိတ် ထောင်နှင့်ချီ သိုလှောင်ထားသည့် အခြေအနေနှင့် ဓာတုဗေဒဆေးထိုးသွင်း၊ ဖျော်စပ်ရာတွင် အသုံးပြုသော စက်ပစ္စည်းများကိုလည်း သတ္တုတွင်း၌ လုပ်ကိုင်နေသူများက လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် မှတ်တမ်းများ၌ တွေ့ရသည်ဟု ဆိုသည်။

အသစ်တိုးချဲ့တူးဖော်နေသည့် သတ္တုတွင်း ၁၉ ခုအနက် ၁၆ ခုသည် လုပ်ငန်းလည်ပတ်နေသလို သိုလှောင်ကန်များကိုလည်း အရည်အပြည့်ဖြင့် မြင်တွေ့ရသည်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်က Global Witnessအဖွဲ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သတ္တုရှာဖွေရာတွင် တောင်တန်းများရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကာ တောင်ကို တွင်းများတူး၍ ထိုတွင်းများအတွင်းသို့ အမိုနီယမ်ဆာလဖိတ် ဓာတုဆေးရည်ထိုးထည့်သည်။ ထိုမှတစ်ဆင့် မြေကြီးများအရည်ပျော်သွားသည့်အခါ ထိုအရည်ကို တောင်အောက်ရှိ သိုလှောင်ကန်များသို့ ပိုက်များဖြင့် သွယ်တန်းကာ သတ္တုဒြပ်စင်များကို စစ်ယူထုတ်လုပ်ရခြင်းဖြစ်သည်။

မြေရှားကို ဓာတုအလွန်အကျွံအသုံးပြု၍ တူးဖော်ထုတ်လုပ်များကြောင့် သစ်ပင်မပေါက်နိုင်တော့ခြင်း၊ ဓာတုဆေးရည်များ ထည့်သွင်းစစ်ယူခြင်းကြောင့် မြေအောက်ရေ အဆိပ်သင့်ခြင်း၊ ဓာတုရည်များ မြစ်၊ချောင်းများအတွင်း စီးဝင်ကာ ငါးနှင့် ရေနေသတ္တဝါများ သေကျေခြင်းနှင့် လူများအတွက် သောက်သုံးရေအဆိပ်သင့်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

မိုင်းလားဒေသ၊ သတ္တုတူးဖော်ရေးလုပ်ကွက်များရှိ ဓာတုပစ္စည်းများပါဝင်သော အရည်များသည် နပ်ချောင်း၊ မဲခေါင်မြစ်ထဲသို့ စီးဝင်သည့် လွေမြစ်အတွင်းသို့ ဝင်ရောက်စီးဆင်းလျက်ရှိသည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ဆိုသည်။

 ကချင်ပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၁ ရှိ ပန်ဝါအနီးမှာလည်း မြေရှားသတ္တုလုပ်ငန်းခွင် အနည်းဆုံး ၃၀၀ ထက်မနည်း တူးဖော်ထုတ်လုပ်နေသလို မိုးမောက်မြို့အနီးဝိုက်တွင်လည်း မြေရှားလုပ်ငန်းပေါင်း ၄၀ ထက်မနည်းရှိသည်ဟု ယမန်နှစ်က Global Witness အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်းအထူးဒေသ ၁ သည် စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်ထိန်းချုပ်ခဲ့ဖူးသည့် ဒေသဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင်  ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က တိုက်ခိုက်သိမ်းပိုက်ထားသည်။

Related Articles

Back to top button